အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)

Start from the beginning
                                    

ချုယွမ်မျက်နှာလေး ရှုံ့မဲ့သွားကာ လာရာလမ်းအတိုင်းပြန်မည်လုပ်စဥ် မလှမ်းမကမ်းရှိ တောအုပ်တစ်နေရာမှ စကားပြောသံများ ပျံ့လွင့်လာသည်။

"အိမ်ရှေ့စံခင်ဗျာ.....အရှေ့နန်းဆောင်ကို ပြန်ကြွတော်မူလှည့်ပါ"

( T/n : အရှေ့နန်းဆောင်/ တုန်းကုန်းနန်းဆောင်ဟူသည်မှာ အိမ်ရှေ့စံမင်းသားဖြစ်သူ စံမြန်းခွင့်ရသည့်နေရာဖြစ်သည်။)

အသံစူးစူးတစ်ခုကိုကြားလိုက်တော့ ချူယွမ်မှာ မိမိရင်ဘတ်ကို အသာဆုပ်ကိုင်မိသွားသည်၊ မိမိကိုယ်ကိုမိမိ ကံဆိုးလိုက်လေခြင်းဟုလည်း တွေးမိသွား၏။

တခြားလမ်းမှ ပတ်ပြန်သွားမည်လုပ်တော့ မိမိနောက်မှ လှောင်ပြောင်ထေ့ငေါ့လာသော စကားသံတစ်ခုကို ကြားလိုက်ရပေသည်။

"အို.....ဒါက ငါ့ရဲ့ဒုတိယညီတော်လေးမဟုတ်လား။ ဘာလို့ ဒီနေရာကြီးမှာ တစ်ယောက်တည်းရှိနေတာတုန်း"

ချူယွမ်ခြေလှမ်းများ တုံ့ဆိုင်းသွားကာ ထိုသူအားမော့ကြည့်လာ၏။

အိမ်ရှေ့စံမင်းသား ချူရွှင်၏လက်ထဲတွင် ဆူးအချွန်အတက်များပါသည့် တင်းပုတ်တစ်ခု ကိုင်ထားသည်။ သူ့နောက်တွင်လည်း ထောင်ထောင်မောင်းမောင်းအရပ်ကြီးနှင့် ကြီးမားကြံ့ခိုင်လှသော မွန်ဂိုမျိုးနွယ်တပ်သား လေးငါးယောက်ရှိနေပေသည်။ သူတို့အားလုံး၏ မျက်နှာထားများမှာ ရန်လိုခြင်းအပြည့်ပင်။

ချူယွမ်လည်း အစကတည်းက သူ့ထက် အသက်သုံးနှစ်ကြီးသော ဒီအစ်ကိုနှင့် ကောင်းမွန်ပြေလည်သောဆက်ဆံရေးမျိုး မရှိခဲ့။ ထို့ကြောင့်လည်း ပြီးပြီးရော ဂါရဝအမြန်ပြုလိုက်ကာ တောထဲမှထွက်သွားဖို့ ပြန်လမ်းလှည့်လိုက်သည်။ သို့သော် ချူရွှင်က သူ့လမ်းကို တားဆီးထားလိုက်သည်။

"နောင်တော် ဘာလုပ်မလို့လဲ"

"ငါတို့တွေ သိုင်းပညာချင်းယှဥ်ကြရအောင်လေ"

"တစ်ခြားရက်မှ ပြိုင်ကြရအောင်ပါ ၊ အခု ကျွန်တော် နန်းဆောင်ပြန်ရပါတော့မယ်"

ချူယွမ်က ရှေ့မှကာဆီးထားသော ဆူးတင်းပုတ်ကြီးကို ရှောင်ဖယ်လိုက်ကာ အမြန်ပင် ထွက်လာခဲ့သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now