အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)

Start from the beginning
                                    

"ကျန့်တီ့ (ဆန်းစီးမြို့တစ်နေရာ)ကနေလာပြီး ခြေသလုံးအိမ်တိုင်လျှောက်သွားတဲ့ သားအမိ ၊ ဟုတ်လား"

နန်မော်ယဲ့ အတော်ပင်ရင်းနှီးကျွမ်းဝင်နေသလိုပင်။

"အခုရော အဲ့သားအမိ ဘယ်မှာနေနေသလဲ၊ ငါ့ကို လိုက်ပြပေးလို့ရမလား"

လုလင်မောင်မယ်လေးများက ထိုသို့ကြားရတော့ အတော်ပင် အံ့သြသွားကြသည်။ နန်မော်ယဲ့ပုံစံမှာ စနောက်ကျီစယ်နေသည့်ဟန်လည်း မပေါက်သဖြင့် အဒေါ်ကြီးကျန်း၏ အိမ်သို့ နန်မော်ယဲ့အား လိုက်ပို့ပေးလိုက်ကြသည်၊ အိမ်ခြံဝင်းတံခါးကိုဖွင့်ပြီး ၀င်သွားတော့ ခြံဝန်းထဲ အဝတ်လှန်းနေသော မိန်းမပျိုတစ်ဦးကိုတွေ့လိုက်သည်။

ထိုမိန်းမပျိုကား အမှန်တကယ်ပင် ကျားခံတွင်းကနေ ကျောက်ဝူကယ်ဆယ်လာခဲ့ပြီး ရှီးနန်စံအိမ်တော်တွင် ခေတ္တနားခိုစေခဲ့သော အမျိုးသမီးငယ်ပါပေ။

"ဆရာကြီးနန်....."

ထိုအမျိုးသမီးကလည်း အတော်ပင် အံ့သြနေသည်။

"တကယ်ကို မင်းဖြစ်နေတာပါ့ရော။ ပြောတော့ ဆွေမျိုးဉာတကာဆီပြန်ပြီး အကူအညီတောင်းမှာဆို၊ ဘယ်နှယ့် ဒီထိရောက်လာတာလဲ"

ထိုအမျိုးသမီးက ပြုံးရင်း ဖြေဆိုလာ၏။

"ပြန်မသွားတာကြာတော့ အမျိုးတွေ ဘယ်ကိုပြောင်းရွှေ့အခြေချသွားကြမှန်း ကျွန်မလည်းမသိတော့ဘူး ဆရာကြီးရယ်။ ကျန်းနန်မှာ စားဝတ်နေရေးအဆင်ပြေမယ့် အလုပ်မျိုးပေါများတယ်လို့ကြားလို့ ကျန်းနန်ဘက်ထွက်လာခဲ့တာ၊ လမ်းခုလတ်မှာ ဒီမြို့ကိုရောက်တော့ သားငယ်လေးကဖျားလေရော။ ဒေါ်ကြီးကျန်း အကူအညီပေးခဲ့လို့သာ၊ မဟုတ်ရင်တော့......"

နန်မော်ယဲ့က ခေါင်းတခါခါလုပ်ရင်း

"ဒီမတိုင်ခင် ငါတို့လည်းပြောသားပဲ၊ ရှီးနန်စံအိမ်တော်မှာပဲ နေပါလို့။ အခု ငါတို့လည်း ရှီးနန်ပြန်ကြတော့မှာ၊ အတူတူပြန်သွားရင် ပိုမကောင်းဘူးလား။ ကလေးတစ်ဖက်နဲ့ဆိုတော့ ကျန်းနန်သွားရင်လည်း မင်း အတော်ဒုက္ခများဦးမှာ"

"ဆရာကြီးနန်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်"

ထိုအမျိုးသမီးငယ်လေးမှာ ကျေးဇူးတင်စကားဆိုရင်း မျက်ဝန်းထောင့်မှာ နီစွေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now