အခန်း - ၆၄ (ရွှမ်ထျဲန်း)

Start from the beginning
                                    

"အတော်လေး အကုန်အကျများသွားမှာပဲ"

"အင်း"

သွမ့်ယောင်၏ ရှိုက်သံစွက်သော အဖြေကို အဘိုးအိုက ကြားလိုက်သည်။အဘိုးအိုက ငါးအသားလုံးခေါက်ဆွဲကို အားယူပြီး တမြုံ့မြုံ့ဝါးနေကာ ဆက်ဆို၏။

"နောက်ပိုင်း သိုင်းလောကထဲကျက်စားရင် ဒီလိုမျိုး ခဏခဏ ငိုလို့မရတော့ဘူးနော့။ မင်းလို ကလေးလေးက အတော်စိတ်ထားကောင်းပြီး ဘယ်လိုနေနေ ချစ်ဖို့ကောင်းပြီးသားပါကွယ်၊ ဒီတစ်ချက်လေးပဲ ပြင်ဖို့လိုတယ်"

"အဘိုးရဲ့ကျန်းမာရေးအခြေအနေကိုလေ.... ကျွန်တော် သမားတော်ပင့်ပြီး စမ်းသပ်ခိုင်းလို့ရမလား"

"ငါ ဒီအသက်အရွယ်ထိ နေလာခဲ့ပြီပြီးပဲ၊ လောကကြီးကနေ ထွက်သွားဖို့အချိန်က သိပ်မလိုတော့ပါဘူး"

အဘိုးအိုက ဆက်လက်ငြင်းဆန်နေမြဲပင်။

"ဒီမြောက်နန်းဆောင်ကလူတွေလည်း မေတ္တာစေတနာပြည့်၀လို့ ငါ့ကိုနေခွင့်ပြုတယ်ဆိုပေမယ့် သူတို့လည်း အလုပ်ကိုယ်စီရှိကြတယ်လေ။ ငါ ဒီမှာဆယ်နှစ်ကျော်နေလာတာလည်း ဘာပဲပြောပြော ငါ့အဖို့ အစားအသောက် အနေအထိုင်ဖိုးတွေ ကုန်ကျပေးရမှာပဲ၊ သူများတွေဆီ တင်ခဲ့တဲ့ကျေးဇူးကြွေးတွေကိုတောင် နောက်ဘ၀ရောက်မှ ဆပ်နိုင်မယ့်ကိစ္စကို ငွေအားလူအားအကုန်ခံပြီး သမားတော်သွားပင့်လိုက်၊ ဆေး၀ယ်လိုက်လုပ်နေပြီး နောက်နှစ်နှစ်သုံးနှစ်လောက် အသက်ထပ်ဆွဲဆန့်လို့ရတယ်ထားဦး၊ ဘာများထူးခြားသွားမှာတဲ့လဲ"

"ဒါဆိုလည်း ကျွန်တော်နဲ့အတူတူ ရှီးနန်လိုက်ခဲ့ပါလား။ စံအိမ်မှာ လူအများကြီးနဲ့ စည်စည်ကားကားရှိတယ်"

သွမ့်ယောင်၏ ကမ်းလှမ်းချက်ကို အဘိုးအိုက သဘောကျစွာရယ်မောလိုက်သည်။

"ငတုံးလေး၊ စောန ငါအပြောမှားသွားတယ်ကွယ်။ မင်းလို စိတ်ထားနူးညံ့တဲ့ကလေးကို သိုင်းလောကထဲ ကျက်စားခိုင်းဖို့ မသင့်တော်ပေဘူး။ မင်းနောင်တော်နဲ့သာ အစားထိုးလဲလိုက်ချေ"

ကမ်းလှမ်းချက်ကို ငြင်းပယ်ခံလိုက်ရသောကြောင့် သွမ့်ယောင် နှုတ်ခမ်းဆူသွား၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now