Part 54

12.9K 951 64
                                    

အချစ်ဆိုတာငယ်ရွယ်နုပျိုစေတတ်တယ်တဲ့ .... အချစ်နဲ့ထိတွေ့လိုက်ရင် လူတိုင်းဟာလူငယ်တွေဖြစ်သွားတတ်ကြတယ် .... ကျွန်တော်လည်းထို့အတူပါပဲ .... ကလေးနဲ့တွေ့ပြီးမှ၊ ကလေးကိုချစ်မိသွားမှ စိတ်ရောလူပါနုပျိုလာသလိုပဲ ....

"ဦးရေ ဦး"

"လာပြီကလေးရေ"

"မြန်မြန်လာလို့ မြန်မြန်"

"လာပြီကလေးရေ လာနေပြီ"

ကိုယ်ဝန်သုံးလ။ လနုသေးတာမို့လို့ မစူ့တစူဖြစ်နေတဲ့ဗိုက်ကလေးကိုကိုင်ကာ အခန်းပေါက်ဝမှာရပ်စောင့်နေတဲ့ညရောင်။

"ရောက်ပြီ"

အမောတကောနဲ့အပြေးရောက်လာတဲ့ဦးဘုန်း။

"ဦးကလည်း ကြာလိုက်တာဗျာ"

စိတ်ကောက်ကာအခန်းထဲဝင်သွားတဲ့ညရောင်ကို ဦးဘုန်းလိုက်ချော့ရတော့မည်။ ကိုယ်ဝန်စရှိတဲ့အချိန်ထဲက မထင်ရင်မထင်သလိုစိတ်တိုတတ်တာ၊ အော်တာ၊ စိတ်ကောက်တာ၊ ဝမ်းနည်းတတ်တာ၊ စိတ်အားငယ်တာ၊ ကြောက်တာ စသည်ဖြင့်မျိုးစုံဖြစ်နေလေတော့ ဦးဘုန်းလည်းအရင်ထက်ကို ပိုပိုပြီးအလိုလိုက်ရသည်။

"ကလေး စိတ်မဆိုးပါနဲ့နော်"

"မသိဘူး ခုချက်ချင်းစားချင်ပါတယ်ဆိုနေ ဦးကအရမ်းကြာတယ်"

"ဟုတ်ပါတယ် ဦးကြာသွားတယ် .... တောင်းပန်တယ်နော် ကလေးနော်"

"တော်ပြီ မစားချင်တော့ဘူး"

ခေါက်ဆွဲပြုတ်သောက်ချင်တယ်ဆိုလို့ ချက်ချင်းမီးဖိုချောင်ထဲဝင်ပြီးပြုတ်ပေးခဲ့ပေမဲ့ ခုတော့မစားချင်တော့ဘူးတဲ့။

"စားလိုက်ပါကလေးရယ် ဒီမှာကြည့် မွှေးနေတာပဲနော်"

"မစားချင်ပါဘူးဆို မုန့်တီသောက်ချင်တယ် ခုသောက်ချင်တာ"

"မုန့်တီ ဟုတ်ပြီ ဦးဝယ်ခိုင်းလိုက်မယ်နော်"

"မရဘူး ဦးကိုယ်တိုင်သွားဝယ်ပေး ဦးကိုယ်တိုင်ဝယ်တာမဟုတ်ရင်မစားဘူး"

"အင်း အင်း ဦးကိုယ်တိုင်သွားဝယ်ပေးမယ်နော်"

"မုန့်တီက မင်းလမ်းမုန့်တီပဲသောက်ချင်တာ တခြားဟာဆိုမစားဘူး"

Stolen LoveWhere stories live. Discover now