Part 10

27.4K 2.2K 10
                                    

"အားလုံးအဆင်ပြေပါတယ် လူနာအခြေအနေလည်းကောင်းမွန်ပါတယ် လောလောဆယ်တော့ လူနာသတိရတဲ့အထိစောင့်ရမှာပေါ့"

ဆရာဝန်ကမှာကြားစရာရှိတာတွေကို မှာကြားခဲ့ပြီးနောက်မှာ ထွက်သွားလေသည်။

ဆေးအဖြူရောင်သုတ်ထားတဲ့ဆေးရုံအခန်းငယ်လေးရဲ့ ကုတင်ပေါ်မှာတော့ နှာခေါင်းမှာအောက်စီဂျင်ပိုက်နဲ့၊ လက်ကလည်းဆေးထိုးပိုက်‌တွေနဲ့ ဖြူဖျော့စွာလှဲလှောင်းနေသောညရောင်။ ထိုကလေးငယ်ရဲ့ဘေးနားမှာထိုင်ပြီး လက်ကလေးတစ်ဖက်ကိုဆုတ်နယ်ကာ ကြင်နာမှုပြည့်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေသူက ဦးဘုန်း။

"ကလေး နေကောင်းသွားပြီသိလား .... ခုကစပြီးကျန်းကျန်းမာမာနဲ့ကြီးပြင်းပေး ဦးကလည်းကလေးအနားမှာနေပြီး ကလေးကို အသက်နဲ့လဲကာကွယ်စောင့်ရှောက်ပေးမှာ"

ထို့နောက် ကလေးငယ်ရဲ့နဖူးထက် နူးညံ့တဲ့အနမ်းလေးတစ်ပွင့်ခြွေပြီး ....

#####

နယ်စပ်မြို့တစ်နေရာ

"ရဲတွေဝင်စီးရတယ်ဆိုတော့ ဧကန္တ သစ္စာဖောက်ရှိနေတာလား ဟမ်"

ဦးဘုန်းထင်ချင်လည်း ထင်ချင်စရာရယ်ပါ။ နယ်စပ်ကဦးဘုန်းရဲ့စက်ရုံက ပရိဘောဂထုတ်လုပ်တဲ့စက်ရုံဆိုပြီးအယောင်ပြဖွင့်ထားတဲ့လုပ်ငန်း။ နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်တာအပြင် ဘိန်းစိုက်ခင်းတွေပါရှိသေးသည်။ ဒီစက်ရုံကို ပရိဘောဂစက်ရုံလို့သာအားလုံးကသိထားပြီး ရဲတွေနဲ့ပါအရှုပ်အရှင်းမရှိ။ စက်ရုံနဲ့လုပ်ငန်းတွေကို မန်နေဂျာနဲ့သာအပ်ထားပြီး ဦးဘုန်းကတော့ ရန်ကုန်ကနေ စီမံခန့်ခွဲသည်။

ဒီလိုအခြေအနေမျိုးမှာ ဗဟိုဌာနကနေစာကျလာပြီး စစ်ရေးကြောရေးဝင်ရသည်ထိဆိုရင်တော့ တစ်ခုခုတော့တစ်ခုခုပဲ ....

"မင်းတို့ဘယ်လိုကိုင်တွယ်နေကျလဲ! ဗဟိုကနေစစ်မယ်ထိဖြစ်နေတာ သစ္စာဖောက်ရှိရင် တစ်ခါတည်းလက်စတုန်းမှာနော်!"

ဦးဘုန်းရဲ့သတိပေးစကားသံထွက်လာခဲ့ပြီ။

"စိုင်းနောင် .... အခြေအနေစုံစမ်း မနက်ဖြန်မနက်စစ်ဆေးရေးလာရင်လည်း ဘာဟာကွက်မှမရှိစေနဲ့"

Stolen LoveWhere stories live. Discover now