Part 29

15.1K 1.2K 37
                                    

"ဒေလီယာဘာလုပ်ပေးရမှာလဲ"

"ကျွန်တော်ကဖြေရှင်းစေချင်တာပါ"

"အဲ့ကိစ္စတွေကိုဒေလီယာမသိဘူးကိုဘုန်း ဒေလီယာအစွပ်စွဲခံရတာ အဲ့လူကိုလည်းဒေလီယာမသိဘူး"

အစွပ်စွဲခံရတယ်တဲ့လား .... ဒေလီယာ မင်းဟာအလိမ်အညာတွေနဲ့ပြည့်နေတဲ့မိန်းမတစ်ယောက်ပဲ .... ကိုယ်စိုက်ခဲ့တဲ့အပင်ကို ကိုယ်တိုင်ရိတ်သိမ်းရတယ်ကွ ....

"ဒါဆိုလည်းလွယ်ပါတယ် .... အစွပ်စွဲခံရကြောင်းမီဒီယာမှာရှင်းလိုက်ပေါ့ အမှန်တရားမဟုတ်တဲ့သတင်းက လူမှုကွန်ရက်တွေပေါ်မှာ ဘယ်လောက်ကြာအောင်နေရာယူထားနိုင်မှာမို့လို့လဲ"

ဒေလီယာအကျပ်ရိုက်နေပြီ။ အစွပ်စွဲခံရတာပါလို့ပြောလို့မဖြစ်။ ဘာလို့ဆို အဲ့ကိစ္စတွေကအမှန်တရားမို့လို့။ မဟုတ်မမှန်ရယ်လို့ဖြေရှင်းလိုက်ရင် ဟိုလူကပြဿနာအကြီးကြီးထပ်ရှာတော့မှာ။

"ဒေလီယာ့ကိုတစ်ခုခုဖြေရှင်းစေချင်ပါတယ် .... ခုကိစ္စက ကျွန်တော့်companyရဲ့ imageကိုပါထိခိုက်နေတာမို့လို့ပါ"

"ဒေလီယာရှင်းမှာပါ"

ဒေလီယာစဉ်းစားနေသည်။ သူမအတွက်မကျန်ဘဲ ကကြီးကနေအအထိဆုံးရှူံးသွားမှာလည်းစိုးရိမ်နေသည်။

"ဒေလီယာအလုပ်ကနေခေတ္တခွင့်တင်ပါရစေ"

"ခေတ္တခွင့်"

"ဒေလီယာအလုပ်ထွက်ပေးဖို့မကြာခင်စီစဉ်ပေးမှာပါ လောလောဆယ်တော့ခေတ္တခွင့်အနေနဲ့ပဲ ကိုဘုန်းခွင့်ပြုပေးပါ"

"Okay"

ဒီလိုနဲ့ ဦးဘုန်းရဲ့ Silver Groupကနေ ဒေလီယာဆိုတဲ့‌မိန်းကလေးဟာ သူ့သဘောနဲ့သူ သူခြေထောက်နဲ့သူ ထွက်သွားပါတော့သည်။

###

"တကယ်လားကွ တကယ်ချစ်သူဖြစ်သွားကြတာလား"

"အင်း"

"Congratulationsပါဘုန်းမြင့်မြတ်ရာ နောက်ဆုံးတော့ ကလေးငယ်ကိုအပိုင်စားရပြီပေါ့"

"မပိုင်သေးပါဘူးကွာ ကျ‌န်တာတွေကကျန်နေသေးတယ်"

"မင်းဘာပြော ....ဪ ဪ နားလည်ပြီ ဟား ဟား"

Stolen LoveWhere stories live. Discover now