Part 38

12.2K 1.1K 41
                                    

ချစ်ခြင်းတွေမြဲရလေအောင် သံယောဇဉ်ဆိုတဲ့ကြိုးလေးကချည်ပေးတယ် .... ဇာတ်ပေါင်းခန်းမှာပေါင်းရရင်လည်း မင်းနဲ့ကိုယ်နဲ့ပဲဖြစ်ချင်တယ် ....

ဦးဘုန်းနဲ့ ညရောင် ခရီးကပြန်ရောက်လာကြပြီ။ ပျော်စရာကောင်းတဲ့အချိန်တွေကို တမြုံ့မြုံ့ပြန်ပြောနေရင်း၊ အမှတ်တရဓာတ်ပုံလေးတွေကို တသသပြန်ကြည့်နေရင်း ခရီးစဉ်လေးဟာ သူတို့နှစ်ယောက်အတွက် သိပ်ကိုအဓိပ္ပာယ်ရှိလေသော၊ အမှတ်တရကောင်းတွေကျန်ရစ်လေသော အဖိုးတန်ခရီးစဉ်လေးမှန်း သူတို့ကိုယ်တိုင်သိကြသည်။

တစ်ခုသောမနက်ခင်းမှာတော့ ဦးဘုန်းတစ်ယောက် ဒေါက်တာဝေယံနဲ့တွေ့ဆုံဖို့ စဉ်းစားမိသည်။

"ဒီတစ်ခါတွေ့ပြီး တစ်ခါတည်းကိစ္စဖြတ်ရမယ်"

"ဦးရေ ဦး"

"ဒီမှာကလေး .... ဧည့်ခန်းထဲမှာ"

"ဦး ဒီနေ့နေ့လည်အိမ်ပြန်လာမှာလားဟင်"

"ဘာလို့လဲကလေးရဲ့ ဦးပြန်ဖြစ်မယ်မထင်ဘူး meetingရှိလို့"

"ဪ"

"ဘာဖြစ်လို့လဲကလေး"

"ဘာမှမဖြစ်ပါဘူးဦး ဒီတိုင်းမေးကြည့်တာ"

"ဟုတ်ပြီ ဒါဆိုအိမ်မှာလိမ်လိမ်မာမာနေခဲ့နော်"

ညရောင်ရဲ့ဆံပင်လေးတွေကိုဆွဖွလိုက်တော့ ညရောင်ကမျက်စောင်းထိုးပြသည်။

"တော်ပြီ .... ဘောလုံးသွားကန်တော့မယ်"

ဆိုပြီး ညရောင်ကအိမ်ထဲကနေပြေးထွက်သွားသည်။ ခြံထဲကအလုပ်သမားကောင်လေးကတော့ ချွေးတလုံးလုံးနဲ့မောရှာတော့မည်။

Ring Ring

"Hello ညီ"

"ခင်ဗျားနဲ့ဒီနေ့တွေ့မယ် ကျွန်တော်messageပို့တဲ့နေရာကိုလာခဲ့"

ဦးဘုန်း ထိုမျှလောက်သာခပ်ပြတ်ပြတ်ပြောပြီးဖုန်းချလိုက်လေသည်။ ညရောင်သည်လည်း သူ့မျက်စိရှေ့ကနေ အခိုးအငွေ့လိုပျောက်သွားပြီး သူလည်းပဲcompanyသို့သွားရန် ကားပေါ်သာတက်လာခဲ့သည်။

မေနှင်းနဲ့ပတ်သက်ပြီးအမှန်တရား ဆိုတဲ့စကားတစ်ခွန်းက ဘာတွေများဖြစ်လာလိမ့်မလဲ ဦးဘုန်းသိပ်သိချင်နေသည်။

Stolen LoveWhere stories live. Discover now