Part 14

22.4K 1.8K 62
                                    

ကျွန်တော်ချစ်သောညရောင်ဆိုတဲ့ကလေးငယ်လေးဟာ ခုနောက်ပိုင်းတွင် ကျွန်တော်နဲ့အရမ်း၊ အရမ်းကို ရင်းနှီးနေလေပြီ။ တစ်ခါတစ်ရံ သူ့အဖေကိုသတိရလို့ ငိုတာမျိူးကလွဲရင် အချိန်တိုင်းလိုလို ပျော်ရွှင်နေသောကလေးငယ်လေး။ အဲ့လိုမျိုးပျော်ရွှင်အောင်လည်း ကျွန်‌တော်ဘုန်းမြင့်မြတ်ကြိုးစားထားပါသည်။

"ကလေး ဦးပြောစရာရှိတယ်"

ဧည့်ခန်းထဲမှာထိုင်နေရင်း Tom and Jerryကြည့်နေတဲ့ ကလေးငယ်လေးက ခေါင်းလေးစောင်းလာပြီး

"ဟုတ် ပြောလေဦး"

"ကလေး 10တန်းတက်ချင်လား"

"ဗျာ .... သားတက်ချင်ရင်ရောဟင်"

"ကလေးတက်မယ်ဆိုရင်ဦးစီစဉ်ပေးမယ်လေကလေး"

"တကယ်လားဦး"

ခေါင်းညိမ့်ပြလိုက်တော့

"ကျေးဇူးတင်လိုက်တာဦးရာ ကျေးဇူးပါ"

ဆိုပြီး ကျေနပ်ပျော်ရွှင်သွားသောကလေးငယ်။

"ကျေးဇူးတင်စရာမလိုပါဘူး .... ဦးက ကလေးလိုတာ အရာရာအားလုံးဖြည့်ဆည်းပေးမှာ ခုရော နောင်ရော အမြဲတမ်းထာဝရ"

"ဦးအပေါ်မှာသားတင်နေတဲ့ကျေးဇူးကြွေးတွေများနေပြီ ဦးကဘာလို့အမြဲဖြည့်ဆည်းပေးမှာလဲဟင်"

"အကြောင်းပြချက်လိုလို့လားကလေး ဒီတိုင်းလေးပဲဖြည့်ဆည်းပေးချင်လို့"

'ချစ်လို့ဖြည့်ဆည်းပေးနေတာ' ဆိုတာကိုတော့ ဦးဘုန်းစိတ်ထဲကနေပဲပြောဖြစ်လိုက်သည်။

"ပြီးတော့ ကျေးဇူးကြွေးတွေများကြီး သားပြန်ဆပ်လို့မကုန်ဖြစ်တော့မယ်"

"အဲ့ဒါ ဦးအနားမှာပဲနေလေ ဦးအနားမှာနေရင် ကျေးဇူးကြွေးကုန်ပါ့ဗျာ"

"တကယ်လား"

ဦးဘုန်းလည်းပြုံးလျက်ပင် ညရောင်ဆံပင်လေးတွေကိုဆွဲဖွပေးမိသည်။

"ဦးတို့ညနေကျရင်အပြင်သွားရအောင် ကလေးလည်းအပြင်မထွက်ရတာကြာပြီမလား"

"တကယ်အပြင်သွားမှာလား ယေး .... ပျော်စရာကြီး"

ဝမ်းပန်းတသာနဲ့အော်လိုက်တဲ့ညရောင်လေးဟာ သိပ်ချစ်စရာကောင်းနေလိုက်တာ။ ငုံထားလို့ရရင်ငုံထားလိုက်ချင်မိပါ၏။

Stolen Loveحيث تعيش القصص. اكتشف الآن