Part 9

26.9K 2.2K 18
                                    

မနက်ရောက်တော့ ညရောင်မျက်လုံးတွေက ကျိန်းစပ်စွာနဲ့ပွင့်လာခဲ့သည်။ တစ်ညလုံးငိုထားမိတာကြောင့် ဖောင်းနေတဲ့မျက်လုံးလေးတွေက သနားစဖွယ်အတိ။ ထုံးစံအတိုင်း မနက်စာစားဖို့အောက်ဆင်းတော့ ဒေါ်ကြီးစိုးကိုသာဦးဆုံးတွေးလိုက်ရသည်။

"ဪ ညရောင်လေးနိုးပြီပဲ .... လာ မနက်စာစား"

"ဦးလေးကြီးရော မနိုးသေးဘူးလား"

"သားဘုန်းက companyသွားပြီလေ"

"ဟင် အစောကြီးလား"

ညရောင်စိတ်မကောင်းဖြစ်မိသည်။

ဦးလေးကြီးက စိတ်ဆိုးနေတုန်းလား ငါ့မျက်နှာမတွေ့ချင်လို့ အစောကြီးထွက်သွားတာထင်တယ် .... ညရောင်ဝမ်းနည်းလာပြီ။ ဦးလေးကြီးကသူ့အပေါ်ဆို သိပ်ဂရု့စိုက်တာ ခုတော့ ....

"ညရောင်လေး စားလေ"

ခေါင်းသာခါမိသည်။

"ဘာလို့လဲသား စားမကောင်းဘူးလား .... ဒေါ်ကြီးစိုးဘာစီစဉ်ပေးရမလဲ"

"မစားချင်လို့ပါ သားအပေါ်တက်တော့မယ်"

ဆိုပြီး ညှိုးငယ်စွာနဲ့ပဲ အပေါ်တက်သွားလေသည်။

Ring Ring

"Hello"

"ကလေးနိုးပြီလားဒေါ်ကြီးစိုး"

"နိုးပြီ သားဘုန်း"

"မနက်စာရော"

"သူမစားဘူးသားဘုန်း"

"ဟမ် ဘာလို့လဲ .... ဘာလို့မစားတာလဲ"

"မသိဘူးသားဘုန်း အောက်ထပ်ဆင်းလာတုန်းကတော့ အဆင်ပြေနေပါသေးတယ် .... သားဘုန်းကိုမေးတော့ companyသွားပြီလို့ပြောလိုက်တယ် .... အဲ့တာနဲ့မျက်နှာမကောင်းဘူးဖြစ်သွားတာ"

"...."

"ပြီးတော့ မစားချင်တော့ဘူးဆိုပြီးအပေါ်တက်သွားတယ် .... ညရောင်လေးကိုကြည့်ရတာ မနေ့ကကိစ္စကြောင့် စိတ်မကောင်းဖြစ်နေပုံပဲ"

"ကျွန်တော်ပြန်လာခဲ့မယ်"

ကလေးရာ ဗိုက်အောင့်တော့မှာပဲ .... ပူပန်တကြီးတွေးလိုက်သည်။

ဦးဘုန်း မနက်ကအစောကြီး companyသွားဖြစ်လိုက်တာက ရင်းနှီးမြှုပ်နှံမဲ့လုပ်ငန်းရှင်နဲ့ချိန်းထားလို့။ သူနိုင်ငံခြားမပြန်ခင် ဦးဘုန်းနဲ့စာချုပ်လက်မှတ်ထိုးဖို့လုပ်ရမှာပေ။ အဲ့ဒါကြောင့် စောစောလေးထွက်လာခဲ့၏။ ဦးဘုန်းသွားခါနီး ကလေးအခန်းကိုတောင်ဝင်ကြည့်သေးသည်။ အိပ်နေလိုက်များ သိုးလို့။ နှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်ပျော်နေတာ။ သူမသိအောင် ဦးဘုန်းက နဖူးထက်အနမ်းလေးတစ်ပွင့်တောင်ခြွေလိုက်သေး။

Stolen LoveWhere stories live. Discover now