Part 51

12.5K 981 47
                                    

ညလေးတစ်ည။ လူခြေတိတ်တဲ့နေရာတစ်ခုမှာ အိပ်ပျော်လျက်ပါလာသောကလေးငယ်။ ထိုကလေးငယ်ကိုချစ်မိပါသောကျွန်တော်ဟာ ထိုကလေးငယ်နဲ့မကြာခင်လက်ထပ်မင်္ဂလာပွဲကျင်းပရတော့မယ်။ ဆန်းကြယ်လိုက်တဲ့ကံကြမ္မာ။

"ဦး ကျွန်တော်ဘယ်လိုနေလဲ"

အတိတ်ကိုပြန်ပြောင်းတွေးနေတဲ့ဦးဘုန်းဟာ ညရောင်ရဲ့အသံကိုကြားလိုက်မှသတိဝင်လာခဲ့သည်။

"ကျွန်တော်ဘယ်လိုနေလဲလို့"

အံ့ဩမှင်သက်စွာငေးမောနေမိသည်။ အဖြူရောင်suitလေးနဲ့ ယုန်ပေါက်လေး။ ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ပြနေပြီး ဦးဘုန်းအဖြေကိုစောင့်မျှော်နေတာလေးက သဝန်တိုချင်စရာပဲ။

"အရမ်း အရမ်း အရမ်းကိုပြီးပြည့်စုံလွန်းတယ်ကလေးရယ် သိပ်ကိုလှတယ်"

ညရောင်ကျေနပ်သွားပြီး

"ဒါဆိုဒါကိုဦးသဘောကျတယ်ပေါ့"

"အင်း ဘာလဲ ဦးကမကြိုက်ဘူးပြောရင်နောက်တစ်စုံထပ်လဲမလို့လား"

"ဟုတ်တယ်လေ ဦးကြိုက်ဖို့အရေးကြီးတာပဲကို"

ဒီလိုအဖြေကြောင့် ဦးဘုန်းကျေနပ်သွားလိုက်တာ သီတာဒေဝီကိုပိုင်ဆိုင်ထားတဲ့ ဒဿဂီရိလိုမျိုး။

ဦးဘုန်းလိုလူမျိုးကကြိုမှာထားတာဆိုတော့ နိုင်ငံခြားကဒီဇိုင်နာတွေနဲ့ အစုံပေါင်းများစွာချုပ်ထားရသည်။ အဲ့ထဲကမှ ညရောင်စိတ်တိုင်းကျကိုရွေးစေသည်။ စီးပွားရေးလောကရဲ့ဘုရင်က လက်ထပ်ဖို့အတွက် ဝတ်စုံလာကြည့်နေပါပြီသတဲ့ဆိုတဲ့ သတင်းတွေ၊ အတင်းတွေကြိုမထွက်ရလေအောင်လည်း အရာရာကိုနှုတ်ပိတ်ထားရသည်။ အချိန်တန်ရင် ဦးဘုန်းကိုယ်တိုင်ကြေညာမည်။

"ဖိတ်စာဒီဇိုင်းကိုလည်း ကလေးစိတ်တိုင်းကျရွေးနော်"

ညရောင်ကအတန်ကြာအောင်ရွေးနေပြီးနောက်

"ဦး ဒါလေးဆိုအဆင်ပြေတယ် ရွှေရောင်လေးလှတယ်"

ညရောင်ရွေးလိုက်တာကိုသာလျှင် အရာရာအတည်ဖြစ်စေသည်။

###

"ကျစ်! ကားတွေကလည်းပိတ်လိုက်တာကွာ"

ရန်ကုန်မြို့လယ်ရဲ့လမ်းမတွေက ကားပေါင်းများစွာနဲ့ရှုပ်ထွေးလွန်းလှသည်။ စည်းကမ်းမဲ့စွာမောင်းနေကြတဲ့ယာဉ်မောင်းတစ်ချို့ကြောင့်လည်း လိုရာခရီးကိုအချိန်တိုအတွင်းမရောက်နိုင်ပဲရှိလေသည်။

Stolen LoveWhere stories live. Discover now