Part 17

18.7K 1.6K 55
                                    

အိမ်အပြန်လမ်းတစ်လျှောက်မှာ ညရောင်ဟာ မျက်လုံးလေးတွေရီဝေစွာနဲ့ ဖြိုးဖြိုးဖြောက်ဖြောက်ကျနေသောမိုးပေါက်များ ‌ကားမှန်လာစင်တာကို ငေးမောနေခဲ့သည်။

အိမ်ရောက်သော်

ခါတိုင်း ဦးဘုန်းကားတံခါးဖွင့်ပေးမှဆင်းတဲ့ကလေး။ ခုတော့ ဦးဘုန်းထက်အရင်ဦးအောင်ဆင်းသွားလေသည်။

ညရောင်အပေါ်ထပ်ကို မပြေးရုံတမယ် တက်သွားလေသည်။ ခုချိန်ထိ ဦးဘုန်းနဲ့ မျက်နှာချင်းဆိုင်ဖို့ခက်ခဲသေးတယ်မလား။

အခန်းတံခါးကို lockပါချပြီး သူ့ကိုယ်သူ မှန်ကြည့်မိသည်။

"ငါ့ကို ဘာလို့နမ်းတာလဲ .... ဦးအတွေးထဲမှာ ငါကခပ်ပျော့ပျော့ကောင်တစ်ကောင်ဖြစ်နေလို့လား .... ငါ့အလိုကျဖြည့်ဆည်းပေးပြီး ငါ့ကို .... ဟက် ငါကစိတ်ဓာတ်ပျော့ညံ့တာကိုး ထစ်ခနဲရှိငိုတတ်တဲ့ကောင်ကိုး .... ဦးကအထင်သေးမယ်ဆိုလဲ ...."

ညရောင်လည်းမျိုးစုံနေအောင်တွေးမိသည်။ သူ့အတွေးထဲမှာ ဦးဘုန်းရဲ့စိတ်စေတနာကိုစော်ကားမိသလိုဖြစ်နေတဲ့အတွေးမျိုးလည်းပါတာပေါ့။ ဒါပေမယ့် စားသောက်ဆိုင်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ကိုတွေးမိချိန်တိုင်း ရင်ဘတ်ကြီးတုန်လာပြန်တာပါပဲ။ မသိဘူး။ သူမသိဘူး။ Whyနဲ့မေးရင် Becauseနဲ့ဆက်ရတယ်လို့ ငယ်ငယ်ကသင်ဖူးပေမယ့် အခုတော့ Yes or Noတောင်ဖြေနိုင်မှာမဟုတ်။

ဦးဘုန်းကတော့မကြည်မလင်ဖြစ်နေဆဲ။ ညရောင်က စကားလည်းမပြောသလို၊ လှည့်တောင်မကြည့်။

"ဟူး ...."

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆံပင်တွေဆွဲဖွပစ်လိုက်သည်။

ဦးဘုန်းမသိပြန်တာကလည်း တစ်ဖက်အခန်းကကောင်လေးရဲ့အတွေးစတွေ။ သူ့ကိုအထင်မှားနေပြီဖြစ်တဲ့ကောင်လေးရဲ့အတွေးစတွေ။

###

ညနေစောင်းပြီ။ နေ့လည်ကတည်းက အခုထိအခန်းထဲကနေမထွက်သူကညရောင်။

"ဒေါ်ကြီးစိုး ထမင်းစားဖို့ကလေးကိုသွားခေါ်ပေးပါအုံး"

ဪ .... စိတ်တော်တော်ဆိုးသွားတာလား ဒါမှမဟုတ် ရှက်သွားတာလား ....

Stolen LoveWhere stories live. Discover now