Part 6

32.4K 2.6K 37
                                    

ကျွန်တော် လူတွေကိုလွယ်လွယ်မယုံတတ်ဘူး ....
ဒါပေမယ့် ညရောင်ဆိုတဲ့ကလေးငယ်လေးကတိတည်မယ်လို့ ကျွန်တော်အကြွင်းမဲ့ယုံမိတယ် .... အဆုံးသတ်ကိုမတွေးချင်ဘူး မတွေးရဲတာဆိုပိုမှန်မယ် ....
အကယ်၍ အကယ်၍သာပေါ့ အဆုံးသတ်မှာ နာကျင်ရမယ်ဆိုရင်တောင်လေ အဲ့ဒီနာကျင်ရမဲ့သူကကျွန်တော်ပဲဖြစ်ချင်တယ် .... ကျွန်‌တော့်ရဲ့ဖြစ်တည်မှုက ညရောင်ကို ဘယ်လောက်ထိနာကျင်စေမယ်မှန်း ကျွန်တော်အတိုင်းအတာတစ်ခုထိသိပါတယ် ....
အဲ့ဒီနေ့ ကျွန်တော့်ဖြစ်တည်မှုကိုသိမယ့်နေ့ ... အဲ့နေ့လေးမရောက်ခင်အချိန်ထိ ကျွန်တော့်ဘဝရဲ့ အရာရာအားလုံးကို ညရောင်အတွက်ကျွန်‌တော်ပေးဆပ်မှာပါ .... ဒါကကျွန်တော့်ရဲ့မှန်သောသစ္စာစကားပဲ ....

ဦးလေးကြီးကခင်ဖို့ကောင်းမဲ့ပုံပါ .... စတွေ့တုန်းက အအော်ခံရလို့ကြောက်ခဲ့တာ .... ဦးလေးကြီးကိုလူဆိုးကြီးလို့ထင်ခဲ့မိတာ .... တကယ်ကမဟုတ်ဘူးပဲ .... ငါ့ကိုလည်း ဆက်ကြေးတောင်းလူမိုက်တွေလက်ထဲက
ကယ်ခဲ့တယ် .... အခုလည်းနှလုံးအစားထိုးကုသဖို့လုပ်ပေးမယ်တဲ့ .... ခွဲစိတ်ခအဖြစ် ဦးလေးကြီးအနားမှာတစ်သက်လုံးနေရမယ်တဲ့လား .... ဘာခက်တာမှတ်လို့ တကယ်ကိုကျေးဇူးရှင်ပါ အမြဲကျေးဇူးတင်ပြီးနေရမယ် .... ဖေကြီးလည်း ရောက်ရာဘုံဘဝကနေ စိတ်ချနေလောက်မှာပါ ဦးလေးကြီးက သားဘဝရဲ့ကျေးဇူးရှင်ပါပဲ ....

#####

"စိုင်းနောင် .... နှလုံးခွဲစိတ်ကုသဖို့ နောက်အပတ်ထဲစီစဉ်ပါ အကောင်းဆုံးဆေးရုံ အတော်ဆုံးဆရာဝန်နဲ့ကုမယ် .... တစ်ခုခုလွဲချော်တာမျိုးလုံးဝမဖြစ်စေနဲ့ ကြားလား"

"ဟုတ်ကဲ့ပါ boss"

"အလှူရှင်ကိုငါကိုယ်တိုင်စုံစမ်းမယ်"

အိမ်မှာတော့ညရောင်လေးအဆင်ပြေပါသည်။
တစ်ခါတစ်လေ သူ့အဖေကိုသတိရလို့ ငိုတာကလွဲရင် ဦးဘုန်းနဲ့လည်း ခင်ခင်မင်မင်ရှိလာသည်။

"အင်း ထွန်းတောက်ကိုသတိရလိုက်တာ"

မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးနေရင်း ညရောင်တစ်ယောက်ထွန်းတောက်ကိုသတိရနေမိသည်။
ညရောင်အတွက်ဆိုရင် ထွန်းတောက်က heroဖြစ်ခဲ့တယ်မလား။

Stolen LoveWhere stories live. Discover now