Part 11

26.3K 2.1K 15
                                    

"ကလေးရေ"

ဆေးရုံအခန်းတံခါးလေးကိုအသာတွန်းဖွင့်ကာ ချိုမြမြအသံလေးနဲ့ 'ကလေး' ဟုခေါ်လိုက်သူက ဦးဘုန်းပါ။

"ဟင် ဦးလေးကြီး"

ဝမ်းသာရိပ်နဲ့ အံ့ဩရိပ်တွေပေါင်းယှက်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက တကယ့်ကို ချစ်စဖွယ်။ ဦးဘုန်းကိုမြင်တာနဲ့ အသည်းအသန်ထထိုင်တာကြောင့်

"ဟာ ကလေး .... မထနဲ့လေ ဆေးပိုက်တွေနဲ့ကို ဒီတိုင်းလှဲနေ"

"ဦးလေးကြီးမကောင်းဘူး"

"ဟမ် ဘာလို့လဲ ကလေးရဲ့"

ညရောင်လေးအနားကို ကပျာကသီသွားထိုင်ပြီးမေးလိုက်လေသည်။

"...."

တော်ရုံနဲ့မဖြေတာကြောင့် ကိုယ့်ကိုကိုယ်တအားတွေစိတ်တိုနေမိသည်။ ကလေးက မကောင်းဘူးလို့ပြောရတဲ့ထိ ငါဆိုတဲ့ကောင်ဘာတွေမသုံးမကျလုပ်မိပါလိမ့် ....

"ဘာလို့လဲကလေး ဦးဘာမကောင်းတာလဲ .... ပြောလေ"

"သားနိုးလာတော့ ဦးလေးကြီးမရှိဘူး သားကိုပစ်ထားတယ်"

"ဟေ"

"အဲ့တာကြောင့် ဦးလေးကြီးမကောင်းဘူးလို့"

"ကလေးရယ် ဦးကအရေးကြီးအလုပ်ကိစ္စကြောင့်နယ်သွားနေရလို့ပါ ဒေါ်ကြီးစိုးမပြောဘူးလား"

"ပြောပါတယ်"

"ကလေးကစိတ်ကောက်နေတာလား"

"ဗျာ မဟုတ်တာ .... မကောက်ရပါဘူး"

"ဒါဆိုဘာလို့မျက်နှာကြီးရှုံ့နေတာလဲ"

"ဗိုက်ဆာလို့"

"ဟား ဟား ဟား ကလေးရယ် ဟား ဟား"

"ဦးလေးကြီး! ရယ်ပြန်ပြီ .... သားကိုလှောင်နေတာလား"

"ဟား ဟား မဟုတ်ရပါဘူးကွာ"

ကျွန်တော်ရယ်ကြောမပြတ်တော့ဘူး။ သူ့မျက်နှာကြီးရှုံ့နေတော့ ကျွန်တော့်ကိုစိတ်ကောက်နေတယ်မှတ်တာ ကလေးငယ်ကဗိုက်ဆာလို့တဲ့။ ဒီလိုဆိုတော့လည်း နည်းနည်းစိတ်သက်သာရာရသွားတာပေါ့။

'ဒေါက် ဒေါက်'

"ဪ ဒေါက်တာ

"မောင်ညရောင်သက်သာလား"

Stolen LoveWhere stories live. Discover now