Part 46

13.7K 1K 23
                                    

အသူရာချောက်ဘယ်လောက်ထိနက်ရှိုင်းနိုင်မလဲ
ကိုယ်မင်းအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကတော့ အသူရာချောက်ထက်နက်ရှိုင်းတယ်ဆိုတာကိုတော့ မင်းသံသယဖြစ်စရာမရှိပါဘူးကွာ ....

ဦးဘုန်းမွေးနေ့က သင်္ကြန်ရက်အတွင်းဆိုတော့ လမ်းမပေါ်မှာ ကားတွေနဲ့ လူတွေနဲ့ပြည့်ကျပ်နေလို့ ကားကတော်ရုံနဲ့မရွေ့။

"ကျစ်"

ဦးဘုန်းကစုတ်တစ်ချက်သတ်လိုက်သည်။ လူရှုပ်တာတွေမကြိုက်တဲ့ဦးဘုန်းက ဒီလိုအခြေအနေတွေကြောင့်စိတ်လည်းအတော်လေးနောက်နေသည်။ သင်္ကြန်ဆိုတာကလည်း ဦးဘုန်းအတွက် သာမန်ရက်တွေလိုမျိုးမို့ ထွေထွေထူးထူးမရှိ။ ညရောင်ဘက်ကိုလှည့်ကြည့်လိုက်တော့ သူ့အတွက်အထူးအဆန်းဖြစ်နေသလို။ ဖြစ်မှာပေါ့။ ရန်ကုန်သင်္ကြန်ကို‌‌လေ။ပဲခူးတောင်ရောက်ဖူးတာမဟုတ်တဲ့ ပြည်သားလေးညရောင်အတွက် ရန်ကုန်သင်္ကြန်ကတော့ အရမ်းကိုစည်ကားနေပြီး ပျော်စရာအလွန်ကောင်းမဲ့ပုံ။ ရေပက်ခံထွက်နေကြတဲ့လူတွေကိုကြည့်ပြီး မျက်လုံးတွေဘလင်းဘလင်းနဲ့အရောင်တောက်နေတာမို့ ဦးဘုန်းကတော့ ညရောင်အတွက် တစ်စုံတစ်ခုကိုဖြည့်ဆည်းပေးဖို့စိတ်ကူးလိုက်သည်။

ဦးဘုန်း သူ့ချစ်သူက မမေးနဲ့ဆိုတာနဲ့ တစ်ခွန်းဆိုတစ်ခွန်းနားထောင်သည်။ ဘာမှကိုဆက်မမေးဘဲ ကားပေါ်မှာငုတ်တုပ်ထိုင်လိုက်လာသည်။ ‌ညရောင်က ကားပြတင်းပေါက်ဘက်ကိုတစ်ချိန်လုံးကြည့်လာပြီးမှ ဦးဘုန်းဘက်လှည့်ပြီး

"ဦး အရင်နှစ်ကမွေးနေ့တွေမှာဘာလုပ်လဲ"

"ဘာမှမလုပ်ဘူး တစ်ခါတစ်လေမွေးနေ့ဆိုတာတောင်မေ့နေတာ မွေးနေ့လည်းဘာမှမထူးဘူးကလေး ဦးအတွက်ဦးပဲရှိတာ"

ညရောင်စိတ်မကောင်းဖြစ်သွားသည်။ သိသိသာသာမျက်နှာလေးနွမ်းသွားတာကြောင့် ဦးဘုန်းကပျာပျာသလဲနဲ့

"အာ အခုကလေးရှိပြီလေ .... အရင်ကဘာဖြစ်ဖြစ် အခုကလေးနဲ့အတူ မွေးနေ့ကိုဖြတ်သန်းခွင့်ရပြီပဲလေ နော်"

ညရောင်က ဦးဘုန်းကိုကြည့်လိုက်ရင်း

"ကျွန်တော်ကဦးကိုပျော်စေချင်တာ .... ခုလည်း ကျွန်တော်စီစဉ်ထားတာတွေက ဦးအတွက်ပျော်စရာကောင်းပါ့မလား အဆင်ပြေပါ့မလားလို့ စိုးရိမ်မိတယ်"

Stolen LoveWhere stories live. Discover now