Part 15

21.9K 1.7K 27
                                    

တစ်ညနေလုံး လျှောက်သွား၊ လျှောက်စားကြပြီးနောက် ညရောင်လေးမျက်လုံးများစင်းလာကာ အိပ်ငိုက်နေလေသည်။ ဒါကိုသိတဲ့ ဦးဘုန်းက

"ကလေး အိပ်ချင်ရင် အိပ်ပါလား"

"အိမ်ရောက်ဖို့လိုသေးလားဟင်"

"အင်း လိုသေးတယ်"

အဲ့လိုပြောလိုက်တော့ ကလေးငယ်က ခေါင်းလေးတစ်ခြမ်းစောင်းကာ မျက်လုံးလေးတွေမှိတ်ထားလိုက်သည်။

"ကျစ် ကလေးရာ ဒီလိုအိပ်တော့ ခေါင်းနာမှာပေါ့"

ဆိုပြီး ကလေးငယ်ရဲ့ခေါင်းကို သူ့ပုခုံးပေါ်မှီကာအိပ်စေသည်။ အိပ်ချင်မူးတူးကလေးငယ်ကတော့ မသိလိုက်ဘဲ ဦးဘုန်းပုခုံးဆီအလိုက်သင့်လေးပါသွားကာ အိပ်ပျော်သွားရှာသည်။

ကားတန်းလေးက တစ်ရွေ့ရွေ့နဲ့ လာလိုက်တာ ခဏကြာတော့ စံအိမ်ဆီသို့ ရောက်လာပြီ။ ဒေါ်ကြီးစိုးကအပြေးထွက်ကြိုပေမယ့် ဦးဘုန်းကရူးတိုးတိုးပုံစံလုပ်ပြကာ အိမ်ထဲဝင်သွားသည်။ ညရောင်ကိုအသာအယာပွေ့ချီလာရင်း အခန်းထဲခေါ်သွားလေသည်။ ညရောင်ကတော့ပင်ပန်းနေလားမသိ။ အိပ်ပျော်နေတာမနိုးရှာလေပါ။

ထူထဲတဲ့မွေ့ယာထက်ပေါ်ညင်သာစွာချပေးလိုက်တော့

"အင်း ...."

ဆိုပြီး ညီးသံလေးထွက်လာသည်။

"ကျွတ် ကျွတ် ကျွတ်"

ကလေးငယ်နိုးမည်စိုးသောကြောင့် တကျွတ်ကျွတ်အသံပေးရင်း ကလေးငယ်ကိုအဝတ်လဲပေးရန် စီစဉ်ရသည်။ မိမိ၏သားငယ်လေးနိုးမည်စိုးသဖြင့် ချော့သိပ်နေတဲ့မိခင်အလား နူးညံ့စွာဂရု့စိုက်တတ်တဲ့ဦးဘုန်းရဲ့နဂိုစိတ်ရင်းက သိပ်ပြီးမာကျောလှတယ်တော့မဟုတ်ပါ။

အသက်တောင်ပြင်းပြင်းမရှုဘဲ အဝတ်လဲပေးနေတဲ့ဦးဘုန်းရဲ့မျက်နှာလေးဟာပြုံးနေပါသည်။ အသေးအဖွဲလေးတွေကအစ ဂရု့စိုက်မှုပေးနေတာ အချစ်ဆိုရင် ဦးဘုန်းကတော့ ညရောင်အပေါ်ကိုနက်နက်နဲနဲချစ်နေမိတယ်ဆိုတာ လိမ်လည်၍ရမည်မဟုတ်ပါ။ ဒါလေးတွေကို ဘာကြောင့်လုပ်ပေးနေရလဲဆိုတာ ညရောင်သိမယ်ဆိုမယ်တောင် အချစ်လို့ သူခေါင်းစဉ်တပ်လိမ့်မည်မဟုတ်ပေ။ လူကြီးတစ်ယောက်ရဲ့ကလေးတစ်ယောက်အပေါ်ဂရု့စိုက်မှုလို့သာ သူထင်မြင်ပါလိမ့်မည်။ ညရောင်ဆိုတာ အဲ့သလောက်ကိုရိုးရှင်းတာ။

Stolen LoveWhere stories live. Discover now