Part 16

20.1K 1.7K 85
                                    

ညရောင်တစ်ယောက်ကတော့ နွားနို့နဲ့ပေါင်မုန့်စားရင်း အတွေးနယ်ချဲ့နေမိသည်။ ဦးဘုန်းရဲ့ဒေါသနဲ့မာန်ကို မျက်ဝါးထင်ထင်ထပ်တွေ့လိုက်ရတာကြောင့်လည်း စိတ်ထဲတနုံ့နုံ့ဖြစ်နေ၏။ ပေါင်မုန့်ကိုပါးစပ်ထဲထိုးထည့်ရင်း ရုတ်တရက်ဆိုသလို ဖခင်ဖြစ်သူဦးသာလှိုင်ကိုသတိရသွားသည်။ ထို့အပြင် ပြည်မြို့ကြီးကိုရော၊ ထွန်းတောက်ကိုရော၊ သူနေထိုင်ရာရွာငယ်လေးကိုရောပေါ့။ မျှော်လေတိုင်းဝေးသွားသလို သူ့မွေးရပ်မြေလေး။ ပြည်ပြန်မယ်ပြောမိလို့ အအော်ခံ၊ ဒေါသအထွက်ခံညရောင်လေးဟာ နောက်ထပ်တစ်ကြိမ် သူတမ်းတရာမွေးရပ်မြေအကြောင်း ဦးဘုန်းကိုထပ်ပြောမိလိမ့်မည်မဟုတ်လေပါ။

သို့ပေမယ့် 10တန်းဖြေခွင့်ရတော့မယ်ဆိုတာကြောင့် ညရောင်ပျော်မိပါသည်။ အပြင်ဖြေပဲဖြေဖြေ၊ ကျောင်းဖြေပဲဖြေဖြေ ညရောင်အတွက်ကတော့ မျှော်လင့်ချက်တစ်ဝက်ပြည့်မြောက်သွားသလိုဖြစ်သွားသည်။

ဒီလိုနဲ့ နေမင်းကြီးအစွမ်းကုန် အပူအလင်းထုတ်လေတဲ့ နေ့လည်ခင်းအချိန်အခါသမယဆီသို့ ရောက်ရှိလာလေချေပြီ။

'တီ တီ'

ဟွန်းသံဆူဆူနှစ်ချက်ကြားလိုက်ရတဲ့ညရောင်က အခန်းပြတင်းပေါက်ကနေချောင်းကြည့်လိုက်ရင်း

"ဪ ဦးလွှတ်လိုက်တဲ့ကားရောက်ပြီထင်တယ်"

အပြောမဆုံးသေးခင်

'ဒေါက် ဒေါက်'

"ညရောင်လေးရေ သားဘုန်းလွှတ်တဲ့ကားရောက်ပြီ"

ဒေါ်ကြီးစိုးရဲ့တံခါးခေါက်သံနဲ့အတူ အကြောင်းကြားသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။

"ဟုတ် ဒေါ်ကြီးစိုး .... ခဏစောင့်လို့ပြောပေးပါ"

ပြောပြီးတာနဲ့ ဘီရိုကိုမွှေပြီး ဘာဝတ်ရင်ကောင်းမလဲစဉ်းစားနေသည်။ ရင်ထဲမှာလည်းအမျိုးအမည်မသိတဲ့ခံစားချက်တွေ၊ ပျော်‌သလိုလို၊ ရွှင်သလိုလိုနဲ့ မပြည့်တဲ့အိုးဘောင်ဘင်ခတ်သလို ညရောင်ရင်ထဲဟိုလှုပ်၊ ဒီလှုပ်။ ဦးဘုန်းနဲ့အတူတူနေ့လည်စာစားရမယ်ဆိုတော့ ရင်ဘတ်ကြီးကတုန်လာပြန်ရော။

Stolen LoveWhere stories live. Discover now