177

2.8K 265 8
                                    

Unicode Ver

၁၇၇။ ပြေလည်ခြင်း

သူတို့အိမ်ရာသည့်အခါ ရှုချင်းရီသည် သူမပြောမိသည်ကို နောင်တရနေပြီး ဒီမှာပဲနေချင်သည်ဟု ပြောလိုက်ရမလား သူတို့သဘောတူထားသလိုပဲ သူမအိမ်ပေါ်က ဆင်းပေးရမလား တွေးနေသည်။

"ဖုန်းလာနေတယ်"
မော့ဟန်က ပြောသည်။

ရှုချင်းရီက ထိုအခါမှ သူမ၏အိတ်ထဲက ဖုန်းကိုကောက်ကိုင်လိုက်ပြီး ခေါ်သည့်သူကို မြင်တော့ မကိုင်ဘဲကြည့်နေမိသည်။

"မကိုင်ဘူးလား?"
မော့ဟန်က ထပ်မေးသည်။

ရှုချင်းရီက ဖုန်းကိုကိုင်လိုက်ကာ
"ဟယ်လို"

"ပြန်လာမယ်လို့ မင်းတို့အမေဆီက ငါကြားတယ်"
ဟန်လျန်၏အသံဖြစ်သည်။

မော့ဟန်၏အိမ်က ထွက်လာမည် ဆိုသည်ကို သူမ၏အမေက ပြောလိုက်သလားဟု ထင်လိုက်သည်။ သို့သော်လည်း သူမ၏အမေကတော့ ဒီလိုလုပ်မည့်လူမျိုးလည်း မဟုတ်လောက်ပါပေ။

"မဟုတ်ပါဘူး။ ကျွန်မအခုလက်ရှိနေတဲ့နေရာက ထွက်လာမယ်လို့ ပြောတာ။ အိမ်ကိုပြန်လာမယ်လို့ ပြောတာမဟုတ်ဘူး"

"တူတူပဲလေ။ မင်းမှာ အဲ့ဒီအိမ်နဲ့ မင်းရဲ့အမေအိမ်အပြင် သွားစရာမှ မရှိတာ။ အဲ့ဒါကြောင့် ငါတို့မြို့ကို ပြန်လာတာက ပိုမကောင်းဘူလား? မင်းရဲ့အမေရော ငါရောရှိတယ်။ ငါတို့က မင်းကိုဂရုစိုက်ပေးနိုင်တာပေါ့"

ရှုချင်းရီသည် ဟန်လျန်မှာ သူမကိုပြန်လာစေချင်နေသည်ကို သိလိုက်သည်။ မော့ဟန်အိမ်ကနေ ထွက်လာမည်ဟု သိသိချင်း သူမအား ဖုန်းခေါ်ခြင်း ဖြစ်လောက်မည်။ သို့သော်လည်း ဘာဖြစ်လို့ ဒီလိုလုပ်နေသလဲ သူမတော့ နားမလည်နိုင်ပေ။

"ရပါတယ်။ ကျွန်မဒီမှာပဲ ပျော်တယ်"

ဧည့်ခန်းထဲမှာ ပစ္စည်းတွေစီနေသည့် မော့ဟန်က အမှုအယာချက်ချင်းပြောင်းသွားသည်။ သူသည် ပစ္စည်းများကို ဒီတိုင်းမချတော့ဘဲ အားဖြင့် အသံအကျယ်ကြီးထွက်အောင် စောင့်ချနေသည်။

ရှုချင်းရီက မော့ဟန်ကို တစ်ချက်ကြည့်ပြီးနောက် ဖုန်းကိုလက်ဖြင့်အုပ်ကာ ဝရံတာသို့ ထွက်သွားသည်။ ထို့နောက် ဝရံတာတံခါးကိုပါ ပိတ်လိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now