138

3.3K 377 3
                                    

Unicode Ver

၁၃၈။ ဒေါသ

သူတို့ဘေးက မော့ဟန်က ရှုချင်းရီအား အကဲခတ်နေကာ ဘာကိုမှ ဝင်မပြောပေ။

ထိုလူက ရှုချင်းရီ၏မှတ်ပုံတင်ကိုကြည့်ပြီး မချိပြုံးတစ်ခုပြုံးလိုက်ကာ
"တောင်းပန်ပါတယ်။ လူမှားသွားတာထင်တယ်"

သူကရှုချင်းရီကိုကြည့်ရင်း သူ့ကိုယ့်သူရေရွတ်သည်။
"မင်းတို့နှစ်ယောက်က တကယ်တူတာပဲ။ သူ့ပုံပြလို့တောင်ရတယ်။ ဒါပင်မယ့် ဒီနေ့က ခပ်လောလောနဲ့ထွက်လာတာဆိုတော့ သူ့ပုံပါမလိုက်မိဘူး။ ငါ. . . သူ့ကိုမတွေ့ရတာ အတော်ကြာပြီ။ သူပျောက်သွားလို့ ရှာနေတာ အတော်ကြာပြီ"

ရှုချင်းရီက သူတို့ပြန်တော့မှာ ဖြစ်သောကြောင်း ထိုလူအား ပြောကာ မော့ဟန်အကျီကိုဆွဲပြီး
"ကိုကြီး အိမ်ပြန်ရအောင်လေ"

ရှုချင်းရီက ထိုလူအား တစ်ချက်ကလေးတောင် လှည့်မကြည့်တော့ဘဲ မော့ဟန်ကို ဆွဲကာ ထွက်သွားတော့သည်။ ထိုလူက သူမအား ကြည့်နေသည်ကို သူမလှည့်မကြည့်သော်လည်း ခံစားလို့ရနေသည်။

ခပ်ဝေးဝေးကိုရောက်မှ ရှုချင်းရီမှာ စိတ်ရှုပ်လာသလို ကြောက်လာတော့သည်။ သူမက ထိုလူရုတ်တရပ်ပေါ်လာသည်ကို ကြောက်ခြင်းမဟုတ်သော်လည်း သူမကြောက်သည်က ထိုလူအပေါ်ကို သူမဘာခံစားချက်မှ မရှိခြင်းကိုပင်။ သူမထိုလူကိုတွေ့သည့်အခါ ရင်ခုန်သံက ပုံမှန်အတိုင်းပဲဖြစ်ကာ ထိုလူ၏မျက်ရည်ဖြင့် မျက်နှာကို တွေ့နေရသော်လည်း စိတ်ထဲတွင် ဘယ်လိုမှမနေပေ။ ရှုချင်းရီမှာ အတိတ်မေ့နေတာ ဖြစ်သောကြောင့် ဒီနေ့လို အရာအားလုံးက သူမနှင့်သိပ်မဆိုင်တော့သလို ခံစားနေရခြင်းလည်း ဖြစ်နိုင်ပါသည်။

ရှုချင်းရီက လမ်းကြာကြာလျှောက်ပြီးသည့်တိုင်အောင် မော့ဟန်က သူမလက်ကိုတွဲထားသည်ကို သတိမထားမိလိုက်ပါပေ။ ကားမောင်းနေသည့် အချိန်မှာတောင်မှ ရှုချင်းရီလက်ကို ကိုင်ထားကာ ညာလက်တစ်ဖက်တည်းဖြင့်သာ ကားမောင်းနေခြင်း ဖြစ်သည်။ ရှုချင်းရီက သူမလက်ကို ပြန်ထုတ်လိုက်ကာ ပြတင်းပေါက်ကိုငေးရင်း စိတ်ရှုပ်နေလေပြီ။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now