141

3K 333 4
                                    

Unicode Ver

၁၄၁။ မိန်းမ

"မင်းအတန်းပြီးပြီလား? ဘယ်မှာလဲ?"

"ကျောင်းကနေ အခုပဲထွက်လာတော့မလို့။ ဘာဖြစ်လို့လဲဟင်?"

"အခုတလော ပင်လယ်စာစားချင်နေတာမလား? ငါရုံးကိစ္စတွေ ပြီးသွားပြီ။ ညနေစာကို ပင်လယ်စာ သွားစားကြမယ်"
မော့ဟန်က ကားမောင်းနေရင်း နားကြပ်ဖြင့် သူမအား ဖုန်းပြောနေသည်။

ရှုချင်းရီက သူမဘေးနားကနေ အရိပ်လိုလျှောက်လိုက်နေသည့် ဟန်လျန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဒီနေ့တော့. . .အဆင်မပြေလောက်ဘူး"

"ဘာဖြစ်လို့လဲ?"
မော့ဟန်က မေးသည်။

ဟန်လျန်က ဘေးကနေ ဖြတ်ပြောသည်။
"ဘာဖြစ်လို့မသွားတာလဲ? မော့ဟန်ကလည်း အဆင်ပြေမယ်ဆိုရင် ကိုယ်လည်း လိုက်မယ်။ ကိုယ်သူ့နဲ့စကားပြောချင်တယ်"

ရှုချင်းရီက ဟန်လျန်ကို လှည့်ကြည့်လိုက်သည်။

မော့ဟန်ကလည်း ဖုန်းထဲက ယောက်ျားသံကို ကြားလိုက်သည့်အခါ
"ဘေးမှာဘယ်သူရှိနေတာလဲ?"

"ဟင်. . .ဟိုလေ. . .ညီမလေးတို့ ဟိုနေ့ကလမ်းမှာတွေ့တဲ့သူ"
ရှုချင်းရီက တွေဝေသွားသော်လည်း မော့ဟန်ကို ပြောပြလိုက်သည်။

သူမ၏ဘေးနားက ဟန်လျန်ကတော့ ရှုချင်းရီက သူ့အားဒီလိုပြောသည်ကို သဘောမကျပေ။ ထို့ကြောင့် ရှုချင်းရီ၏အနားသို့ကပ်ကာ
"ကိုယ်သူနဲ့ဖုန်းပြောမယ်ရလား?"

ရှုချင်းရီက ခေါင်းခါသည်။ ဖုန်းကိုလက်ဖြင့်ကာရင်း ဟန်လျန်နှင့်ဝေးရာသို့ ရှောင်သွားပြီးမှ
"မလိုပါဘူး။ ကျွန်မတို့ပဲအရင်ပြောရအောင်။ နောက်နေ့မှ ရှင့်ကို ကိုကြီးနဲ့ မိတ်ဆက်ပေးမယ်"

ရှုချင်းရီသည် တစ်ဖက်မှ မော့ဟန်ဘာပြောနေသလဲကို နားမထောင်နိုင်တော့ပေ။ သူမက မော့ဟန်အား
"ညီမလေး ဖုန်းချလိုက်တော့မယ်။ အိမ်ရောက်မှ သေချာရှင်းပြမယ်"

ရှုချင်းရီက ဖုန်းချပြီးနောက် သူမဘေးမှ ဟန်လျန်အား
"ကျွန်မအိမ်ကိုပြန်မလို့။ ရှင့်မှာတခြားပြောစရာမရှိတော့ရင် ပြန်လိုက်ပါတော့"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now