71

4K 580 12
                                    

Unicode Ver

၇၁။ ကျောင်းထွက်ချင်တယ်

ရှုချင်းရီစကားကိုကြားသောအခါ အခြားသူငယ်ချင်းများက သူမတို့၏ သူငယ်ချင်းဆိုသူကို မယုံနိုင်စွာ ကြည့်ကုန်ကြသည်။

"ငါဘာပြောနေလဲဆိုတာ နင်သေချာသိပါတယ်"
ရှုချင်းရီက ပြောသည်။

"ဒီအခြေအနေအထိ ရောက်လာမှတော့ ဖုံးကွယ်ပေးစရာ မလိုတော့ဘူး။ ငါနင့်ကိုစတွေ့တုန်းကလို နင်နေရင်ကောင်းမှာကို။ သူများရဲ့မိသားစုကို ဖျက်စီးနေတာက တခြားသူတွေသိသွားရင် ချက်ချင်းဖြေရှင်းဖို့ လွယ်မှာမဟုတ်ဘူးနော်"

ထိုကောင်မလေးမျက်နှာမှာ သူမစကားများကြောင့် ဖြူဖပ်သွားသည်။
"နင်ဘာမြင်လိုက်တာလဲ?"

"ဘာမှမဟုတ်ပါဘူး။ သူနင့်ကို ဝယ်ပေးတာလေးတင်ပါ"
ရှုချင်းရီက မူးလာသည့် သူမခေါင်းကိုထိန်းရင်း ထိုတစ်ယောက်၏ ဘေးကနေဖြတ်သွားလိုက်သည်။ ထို့နောက် သူမကိုမှီရင်း သူမကွဲအက်နေသောအသံကြီးဖြင့် ခပ်တိုးတိုးလှောင်လိုက်သည်။
"နောက်ဆိုရင် သေချာသိမ်းထားဖို့ မေ့မနေနဲ့"

ထို့နောက် ထိုတစ်ယောက်၏ ပျက်ယွင်းသွားသည့် မျက်နှာအမူအယာကို လျစ်လျူရှုကာ ခုနတုန်းက ကျသွားသည့် ဆေးများကိုကောက်ကာ ထွက်သွားသည်။

အခုအချိန်ကစပြီး သူတို့က သူမသူငယ်ချင်းတွေ မဟုတ်ကြတော့ဘူး။ နောက်ဆုံးမှာတော့ သူမဟာ တစ်ယောက်တည်း ဖြစ်သွားပြီ။

ရှုချင်းရီက ကျောင်းမှာ ကြာကြာမနေတော့ပေ။ ဒါက သူမအဖျားကြောင့်လား ခုနကအဖြစ်ကြောင့်လား သူမမသိပေ။ ဒါပင်မယ့် သူမကိုယ်ထဲတွင် အားမရှိတော့ပေ။ သူမလုပ်ချင်သည်ဟူ၍ ကောင်းကောင်းအိပ်ရမည့် နေရာတစ်ခုကို ရှာရန်သာဖြစ်သည်။ သူမကို လမ်းကို မူးမူးဖြင့် လျှောက်နေရင်းကနေ ဖုန်းထုတ်ကာ ကျောင်းကိုဆက်လိုက်သည်။

"ဟယ်လို? ဟယ်လို? ဆရာမ သမီးအတန်းဆက်မတက်နိုင်တော့ဘူးထင်တယ်"

"ဟင်?"
ဆရာမက ကြောင်သွားသည်။

"သမီးနားတော့မယ် ဒါမှမဟုတ်လည်း မေဂျာပြောင်းတော့မယ်။ မနက်ဖြန်ကျရင် လိုအပ်တာတွေကို လာဆွေးနွေးပါ့မယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now