76

4.1K 581 48
                                    

Unicode Ver

၇၆။ ပြတ်ရအောင်

သို့သော်လည်း မော့ဟန်က ဘာမှပြန်မဖြေလာဘဲ ပြောသည်မှာ
"နောက်ကျနေပြီ အိပ်တော့။ မနက်ဖြန်မှ ပြောကြရအောင်"

ရှန်ယို့က စကားဆက်မပြောတော့ပေ။ အဖြေကို သူမရင်ထဲကနေ သိပြီးသားဖြစ်သည်။

ထိုညက သူတို့တစ်ယောက်ကိုတစ်ယောက် ကျောပေးကာလှဲနေကြသော်လည်း သူတို့အိပ်မပျော်ကြပေ။

ရှုချင်းရီက နောက်နေ့မနက်တွင်လည်း အဖျားမပျောက်သေးပါ။ မော့ဟန်က တံခါးဖွင့်ပြီးဝင်လာသောအခါ ရှုချင်းရီက အိပ်ရာပေါ်တွင် ခေါင်းငိုက်စိုက်လေး ထိုင်နေသည်။ သူမမျက်နှာလေးမှာ နီရဲနေကာ မျက်လုံးတွေကလည်း အသိမကပ်တော့သလို ဖြစ်နေသည်။ မော့ဟန်က ရှုချင်းရီကို ဆေးရုံခေါ်သွားသည့်အခါ ရှန်ယို့က အိမ်မှာကျန်ခဲ့သည်။
"မနေ့က ပြဿနာကို နောက်မှပဲ ငါတို့ရှင်းကြတာပေါ့"

ဆေးရုံကနေ မော့ဟန်ပြန်လာသည့်အခါ ရှန်ယို့က ဆိုဖာပေါ်တွင် သူထွက်သွားသည့် အချိန်တုန်းကအတိုင်း တစ်ပုံစံတည်း ထိုင်နေတုန်းဖြစ်သည်။
"စားပြီးပြီလား?"

"စားချင်စိတ်မရှိသေးလို့ နင့်ကိုစောင့်နေတာ"

"အပြင်မှာစားရအောင်။ ငါတို့စားရင်း စကားပြောကြတာပေါ့"
မော့ဟန်က ပြောသည်။

အရင်တုန်းက သူတို့မကြာခန အတူသွားစားလေ့ရှိသည့် စားသောက်ဆိုင်သို့ သွားကြသည်။ သူတို့နှစ်ယောက်မှာ တူညီသည့်နေရာတွင် ပြန်ထိုင်နေကြသော်လည်း တချို့အရာတွေကတော့ မတူညီတော့ပေ။

"မနေ့ညက ငါမေးတာကို နင်ဖြေသင့်တယ်"
ရှန်ယို့က ခေါင်းငုံကာ ပြောသည်။

မော့ဟန်က ခနလောက်နေမှ ဖြေလာသည်။
"အင်း"

ရှန်ယို့က အသက်ဝဝရှုပြီးနောက် သူမမော့ဟန်၏ အကြည့်များနှင့် မရင်ဆိုင်ရဲသောကြောင့် ခေါင်းငုံနေသည်။ သူမကိုယ်သူမအားတင်းပြီး ပြုံးလိုက်ကာ
"ဖြေတော့"

မော့ဟန်က ပြောသည်။
"နင်က တော်တဲ့သူပဲ။ ငါ့အဖြေဘာလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now