127

3.3K 382 7
                                    

Unicode Ver

၁၂၇။ နာတယ်

မော့ဟန်၏ရင်ခုန်သံမှာ အရမ်းမြန်လာသည်။ သူဟာ ရှုချင်းရီဆီသို့ အမြန်ပြေးသွားသည်။

"ကိုကြီး . . .နာတယ်. . ."
ရှုချင်းရီက ညည်းညူနေသည်။

မော့ဟန်သည် ထိုစကားများ ကြားသည့်အခါ ရင်ဘတ်ထဲတွင် ဓားနှင့်မွှန်းခံရသလိုပင်။ သူကဒူးထောက်ထိုင်ချကာ ရှုချင်းရီ၏လက်မှ ခါးပတ်ကြိုးကို ဂရုတစိုက် ဖြေပေးသည်။ ထို့နောက် ရှုချင်းရီအား ပွေ့ဖက်ထားလိုက်သည်။ မော့ဟန်က အထေ့ထေ့အငေါ့ငေါ့ဖြင့်
"သိတယ်. . .သိတယ်. . .အခုအရေးပေါ်ကား ခေါ်လိုက်မယ်. . ."

"ခနနော်။ ခနလောက်လေး သည်းခံပေး"
မော့ဟန်က ရှုချင်းရီအား အရင်လို နှစ်သိမ့်ကာ ချော့နေသည်။ သို့သော်လည်း သူ့၏တည်ငြိမ်ချင်ယောင်ဆောင်မှုကို သစ္စာဖောက်သည့် လက်တို့က အရေးပေါ်ကားခေါ်ရာတွင် တုန်ရီလို့နေသည်။

"မကြာခင် အဆင်ပြေသွားမှာပါ. . .ခနနေရင် မနာရတော့ပါဘူး . . ."
မော့ဟန်က ရှုချင်းရီ၏ ရေခဲလိုအေးစက်နေသည့် ကိုယ်လေးကို ထွေးပွေ့ထားကာ အရေးပေါ်ခေါ်လိုက်သည်။ သူက သူမအား လုံးဝလွှတ်မပေးရဲတော့ပေ။

"ကူပြီး. . .သေချာ. . .အကျီဝတ်ပေးပါ. . ."
စကားပြောရသည်မှာ ရှုချင်းရီအတွက် အလွန်ခက်ခဲနေသည်။ သူမတစ်ခွန်းပြောတိုင်း ရင်ဘတ်ထဲက အောင့်လာသည်မှာ မီးခဲမြိုချထားရသလိုပင်။

ရှုချင်းရီ၏အဝတ်မှာ ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်းအစစပြဲနေသောကြောင့် ပြန်ဝတ်လို့ မရတော့ပေ။ မော့ဟန်က သူမအား ခြုံပေးထားသည့် သူ့ကုတ်အကျီအား ဂရုစိုက်ဝတ်ပေးကာ ကြယ်သီးတစ်လုံးချင်းစီ တပ်ပေးလိုက်သည်။

"အခုသေချာဝတ်ပေးလိုက်ပြီ။ ညီမလေး အဆင်ပြေသွားပါပြီ။ ဘယ်သူကမှ မမြင်တော့ပါဘူး"
ရှုချင်းရီမှာ အနွေးဓာတ်နည်းနည်း ခံစားလိုက်ရသည်။ သူမသိသည်က အရမ်းပင်ပန်းနေခြင်းဖြစ်ကာ သူမနှစ်ခြိုက်စွာ အိပ်စက်ချင်လာသည်။

"ရပါတယ်။ အဆင်ပြေသွားမှာပါ။ ငါဒီမှာရှိတယ်လေ"
မော့ဟန်က ရှုချင်းရီမျက်နှာလေးအား ပွတ်ပေးစဉ်တွင် မတော်တဆဖြင့် သူမခေါင်းအနောက်မှ ကပ်စီးသည့်အရည်များကို စမ်းမိသွားသည်။ မီးရောင်မှိန်မှိန်အောက်မှာ သူ့လက်ဖဝါးကို သူပြန်ကြည့်မိသည့်အခါ နီညိုရောင်များကို တွေ့ရသည်။ ထိုအရာများက သွေးနှင့် ရွံ့တို့ ရောနေခြင်းသာ ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now