82

4K 588 2
                                    

Unicode Ver

၈၂။ ဖုံးကွယ်ခြင်း

ရှုချင်းရီက ဒီအကြောင်းကို မော့ဟန်နှင့် အကြာကြီးငြင်းခုံမနေချင်သောကြောင့် ကြုံရာအကြောင်းပြချက်ပေးလိုက်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး။ အဲ့ဒီတစ်ယောက်က ညီမလေးတကယ်ချစ်တာတစ်ခုကို ထိခိုက်အောင်လုပ်ပြီး မတောင်းပန်ဘူး။ အဲဒီနေ့က စိတ်ကလည်း ကြည်မနေတာနဲ့ ရန်ဖြစ်မိသွားတာ"

မော့ဟန်က သူမပြောသည်ကိုကြားသည့်အခါ ဟာကွက်ကို ကြားလိုက်သောကြောင့် ထောက်ပြကာ
"အဲ့ဒါကဘာလဲ?"

"ဒီလိုပါပဲ"

"မပြောချင်ရင်လည်း ထားလိုက်တော့။ ဒါပင်မယ့် အမှန်ကိုသိရအောင် ရှာမှာကိုတော့ သိထား"

ရှုချင်းရီက ဘာမှထပ်ပြောမနေဘဲ ဖုန်းချချင်လာသည်။

"အဖျားသက်သာပြီလား"

ရှုချင်းရီမှာတော့ စိတ်ရှုပ်နေရှာပြီ။
'ရုံးကဝန်ထမ်းတွေက သူတို့ရှေ့နေကြီးက အရမ်းငြိမ်တယ်ဆို။ ဒါဆိုရင် ဘာဖြစ်လို့ ငါကတော့ ဆူပူနေတဲ့ အဖွားကြီးတစ်ယောက်လို ခံစားနေရတာလဲ?'

ရှုချင်းရီက မော့ဟန်ကို အမြန်ဖြေလိုက်သည်။
"အင်း သက်သာတယ်"

"ခနနေရင် ပြန်လာခဲ့မယ်။ ဆေးသောက်ဖို့ မေ့မနေနဲ့"

"သိပါတယ်။ သိတယ်။ ဖုန်းချလိုက်တော့မယ်"
တကယ်တော့ ရှုချင်းရီမှာ သူမလိမ်တာပေါ်သွားမှာစိုးရိမ်၍ ဖုန်းကိုချချင်နေခြင်းဖြစ်သည်။ မော့ဟန်ကို သူမမပြောရဲသောကြောင့် မပြောပြရသေးသည်များ ရှိလေသည်။

သူမက ကျန်းယန်စကားကိုနားထောင်ကာ စုံထောက်အေဂျင်စီတွင် သူမကျောင်းတက်နေတုန်း အချိန်ပိုင်းအလုပ်လုပ်ချင်နေသည်။ သူမတွင် လုပ်စရာဟူ၍ များများစားစားမရှိပေ။ ဘာမှလုပ်စရာမရှိဘဲနှင့် သူမဒီမှာ မနေချင်ပေ။ သူမလုပ်ရမည့်အလုပ်ကလည်း ပစ်မှတ်၏စိတ်အခြေအနေကို သူမအကောင်းဆုံး ရှာပေးရုံလောက်သာ ဖြစ်လေသည်။ ကျန်းယန်က သူမကိုထောက်ခံပေးမည်ဆိုတော့ အလုပ်ရှင်ကလည်း သူမအရည်အချင်းကို အထင်ကြီးမည်ဖြစ်ကာ လစာလည်းကောင်းမည် ဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now