30

5.4K 689 17
                                    

Unicode Ver

၃၀။ သနားစရာမျက်လုံးတွေ

လျူဇီယွမ်သည် သူ့ဆရာနှင့် ထိုကောင်မလေးတို့ အနားကိုရောက်လာသည့်အခါ ရုတ်တရပ်သိသွားသည်။
"ဟိုနေ့တုန်းက ရုံးမှာ လူဝကြီးနဲ့ချတဲ့ ကောင်မလေးမလား?"

မော့ဟန်ကရပ်ကာ သူ့ကိုကြည့်လိုက်သည်။ ထိုအခါတွင် မော့ဟန်သည် ဆေးရုံမှဆင်းလာသည့် ကောင်မလေးကို တစ်ခါမှမမြင်ဖူးဟု ပြောခဲ့သည့်အကြောင်းကို သတိရသွားသည်။ ဒီလိုဆိုရင် ရှုချင်းရီ၏ တည်ရှိမှုမှာ သံသယဝင်စရာကောင်းတော့မည်။

မော့ဟန်က မျက်နှာတစ်ချက်မပြောင်းဘဲ အေးစက်သည့်လေသံဖြင့်
"မဟုတ်ဘူး။ လူမှားနေတာ"

"ဒါပင်မယ့်. . ."
လျူဇီယွမ်က ထိုကောင်မလေးမှာ ဒီကောင်မလေးမှန်း သေချာပါသည်။

"မင်းအမှတ်မှားနေတာ။ သူကအဲ့ကောင်မလေး မဟုတ်ဘူး။ ဒါငါ့ညီမ"
မော့ဟန်က ရုပ်တည်ကြီးဖြင့် ထပ်ပြောသည်။

လျူဇီယွမ်က သူ့မေးကိုကိုင်ကာ သူ့ရှေ့မှကောင်မလေးကို သေချာကြည့်ရင်းဆေးရုံဝတ်စုံဖြင့်လာသည့် ကောငာမလေးနှင့် အတော်တူသည်ဟု တွေးနေသည်။ ဒီကောင်မလေးမှာ သူကြည့်နေသည်ကို ဘယ်လိုမှမနေဘဲ သူ့အကြည့်ကိုမရှောင်ဘဲ သူ့ကိုပြန်တောင်ကြည့်နေသေးသည်။

"ကိုကြီး အရင်တုန်းက ညီမလေးနဲ့တူတဲ့ တစ်ယောက်ယောက် ဒီကိုလာဖူးလို့လား?"
ရှုချင်းရီက ခေါင်းလေးမော့ကာ သူ့ဘေးတွင် မတ်မတ်ကြီးရပ်နေသည့် မော့ဟန်ကို ပြုံးပြုံးလေးမေးသည်။

ဒါကသူတို့နှစ်ယောက်လုံး သူများအရှေ့နေ ပထမဆုံးရင်းနှီးမှုပြခြင်း ဖြစ်သည်။ တစ်ယောက်ကစလိုက်သောအခါ နောက်တစ်ယောက်ကလည်း ဒီဇာတ်ကိုလိုက်ကသည်။ မော့ဟန်က
"အရင်တုန်းက ကောင်မလေးတစ်ယောက် ဒီကိုလာဖူးတယ်။ အမှန်တိုင်းပြောရရင် ညီမလေးနဲ့ ရုပ်ချင်းနည်းနည်းဆင်တယ်"

"ဘယ်သူလဲ? ကိုကြီးသူ့ကိုသိလား?"

မော့ဟန်က ရှုချင်းရီ၏ အပြစ်ကင်းသည့်အပြုံးလေးကိုကြည့်ကာ ရုပ်ရှင်မင်းသမီးအဖြစ် လုပ်စားလို့တောင်ရလောက်သည်ဟု တွေးတောင်တွေးမိသွားသည်။
"ကိုကြီးလည်း မသိဘူး။ မမြင်ဖူးတဲ့ လူနာတစ်ယောက်ပဲ"
မော့ဟန်က အခိုင်အမာဖြေသည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now