137

3.1K 354 7
                                    

Unicode Ver

၁၃၇။ ညန်ညန်

ရှုချင်းရီက ပျော်ရွှင်နေသည့်အချိန်တွင်ပဲ လူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
"ညန်ညန်"

ထိုအသံက အချစ်အပြည့်ဖြင့် ဖြစ်သည်။ ရှုချင်းရီက သူမဘေးနားက ဖြတ်သွားဖြတ်လာများကို တစ်ချက်ကြည့်လိုက်သည်။

"ညန်ညန်"
ထိုလူက ထပ်ခေါ်ပြန်သည်။ ရှုချင်းရီက ထူးဆန်းသလိုဖြစ်နေသောကြောင့် ထိုအသံလာရာကို ကြည့်လိုက်သည်။

ထိုအချိန်တွင် အရာအားလုံးက ရပ်တန့်သွားသလိုပင်။ တစ်လောကလုံးက ရပ်တန့်သွားကာ လေပြေညင်းတို့ကသာ တိုက်ခတ်နေသလို ဖြစ်သည်။ ရှုချင်းရီက သူမဆံပင်လေးတွေ လွင့်နေသည်ကိုတောင် ပြန်မသပ်နိုင်ဘဲ ကြောင်အလို့သာ နေပေသည်။

နှစ်များစွာကြာသည့်နောက်တွင်တော့ ရှုချင်းရီမှာ ဒီနေ့တွင် မော့ဟန်နောက်ကို လိုက်မသွားဘဲ ဒီမှာထိုင်ကာ ထိုလူနှင့် တွေ့ရခြင်းကို နောင်တရလို့သာ နေတော့သည်။ အကယ်၍ သူမသာ ဒီလိုဖြစ်မည်ကို ကြိုသိခဲ့ပါက မော့ဟန်အနောက်သို့ လိုက်သွားမှာ ဖြစ်သည်။ သို့သော် အကယ်၍ဆိုတာမျိုးက မရှိဘူးမလား။

ရှုချင်းရီက ကြည့်လိုက်သည့်အခါ တစ်ဖက်လမ်းတွင် လူတစ်ယောက်က သူမကိုကြည့်ရင်း မျက်ရည်များကျနေသည်ကို မြင်လိုက်ရသည်။ သို့သော်လည်း သူမကတော့ ဒီလူအား မမှတ်မိပါ။ သူမတို့ဟာ တစ်ယောက်နှင့်တစ်ယောက် လမ်းတစ်ဖက်ဆီက ကြည့်နေမိသည်။ ထိုလူက သူမအား ငိုနေရင်းက ပြုံးပြလာသော်လည်း သူမကတော့ ဘယ်လိုမှ မခံစားရပေ။

"ဘာဖြစ်လို့လဲ?"
မော့ဟန်က သူမအား အအေးခွက်ကိုပေးရင်း မေးသည်။

ရှုချင်းရီက အအေးကိုယူကာ မော့ဟန်အား ခေါင်းခါပြလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး။ အခုပြန်ရအောင်"

ရှုချင်းရီက ထိုလူအား ထပ်မမြင်ချင်တော့သောကြောင့် မော့ဟန်၏အနောက်သို့ကွယ်ကာ သွားသည်။ သူမက ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်သွားသည်။ သူမသာ ထိုလူကို ထပ်ကြည့်လိုက်ပါက အတိတ်သို့ ပြန်ဆွဲခံရတော့မလို ခံစားနေရသည်။ အတိတ်ကလူများ သူမအား လာရှာခြင်းကိုလည်း သူမမနှစ်သက်တော့ပါ။

If the Deep Sea forgets you (Myanmar Translation)حيث تعيش القصص. اكتشف الآن