5

7.7K 884 3
                                    

Unicode Ver

၅။ ရှင်လောင်းချရဲလို့လား?

လုပ်ဖော်ကိုင်ဖက်မလေးက ကြောက်လန့်လွန်းပြီး အော်တာ မျက်ရည်တွေတောင်ကျတယ်။
"ကယ်ကြပါ! ကယ်ကြပါဦး! ကျွန်မ ရုပ်ပျက်ဆင်းပျက် မဖြစ်ချင်ဘူး။ ရှေ့နေကြီး . . ."

သူမနားက လုပ်ဖော်ကိုင်ဖက်တွေက ဒီလိုဖြစ်တာကို မယုံကြည်နိုင်ကြဘူး။ လူဝကြီးနောက်က သူ့မိသားစုဝင်တွေကတောင် ရှော့ရပြီးကြည့်နေမိတယ်။ ဆာလဖျူရစ်အက်စစ်ကို ဘယ်လိုရလာလဲ ဘယ်သူမှမစဉ်းစားတက်ဘူး။ လူတိုင်းက နားလည်နိုင်စွမ်းကို ကျော်လွန်ပြီး ဒီလူကြီးကို စိတ်လှုပ်ရှား ကြောက်ရွံစွာ ကြည့်နေကြတယ်။

သူအဖုံးဖွင့်လိုက်တဲ့အခါ လူတိုင်းက အသက်ရှုတောင် ရပ်မိကြတယ်။ အသည်းငယ်တဲ့ လုပ်ဖော်ကိုင်ဖက်မလေးတွေက ကြောက်လန့်တကြား အော်ကြတယ်။ သူက စိတ်အလွန်ကြွကာ ခြောက်ကပ်ကပ်ရယ်ရင်း သူ့ဟာသူတတွတ်တွတ်ပြောတယ်။
"ဒါကို ဘယ်နားလောင်းရင် ကောင်းမလဲ? မျက်လုံးလေးလား? နှုတ်ခမ်းလေးလား? ရှေ့နေကြီးက ဘာပြောဦးမလဲ? ခင်ဗျားက တော်တဲ့သူမလား?"

မိန်းကလေးက ဒါကိုကြားတော့ မျက်ရည်တွေကျလာပြန်တယ်။ သူမက အတင်းရုန်းကာ
"မဖြစ်ဘူး!. . . ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပေးပါ . . . ရှေ့နေကြီး!"

လူဝကြီးက သူမလည်ပင်းကို ညှစ်လိုက်ကာ ခြောက်ကပ်ကပ်ရယ်ပြီး
"မလှုပ်နဲ့ အလှလေး! မင်းမျက်နှာလေး ပျက်စီးသွားမှာ ငါဂရုမစိုက်ဘူးနော်!"

မော့ဟန်က သူ့စိတ်ကို ကြိုးစားထိန်းလိုက်တယ်။ သူမတ်မတ်ရပ်ကာ စိတ်ဖောက်နေတဲ့သူနဲ့ စကားပြောလိုက်တယ်။
"ခင်ဗျားညီရဲ့ မတော်တဆမှုအတွက် လက်စားချေဖို့ ဒီကိုလာတာမလား? ဟုတ်ပြီ။ အရင်ထိုင်လိုက်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ဆွေးနွေးကြမယ်။ ကျွန်တော် လူသတ်သမားကို ကူရှာပေးဖို့ သဘောတူပါတယ်။ ဒါပင်မယ့် ကျေးဇူးပြုပြီး ကျွန်တော့်ဝန်ထမ်းကို ဘာမှမလုပ်ပါနဲ့။ ကျေးဇူးပြုပြီး လွှတ်ပေးလိုက်ပါဗျာ"

နောက်အတွေးတစ်ခု ဝင်လာပြီး သူထပ်ဖြည့်ပြောတယ်။
"ခင်ဗျားစိတ်ပူနေသေးရင် သူ့နေရာမှာ ကျွန်တော် ဓားစာခံလုပ်ပေးမယ်"

If the Deep Sea forgets you (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ