54

4.7K 589 6
                                    

၅၄။ အိမ်ထောင်တစ်ခု

"ငါသာစမခေါ်ရင် နင့်ဘက်က ဘယ်တော့မှ ငါ့ကိုဖုန်းခေါ်မှာ မဟုတ်ဘူးမလား?"
ရှန်ယို့က အနည်းငယ်ရွဲ့ကာ ပြောသည်။

မော့ဟန်က လက်ထဲက ဘောပင်ကို ချလိုက်သည်။
"မဟုတ်ပါဘူး"

"နင်အလုပ်များနေတာ ငါသိပါတယ်။ ငါကရော အားနေလို့လား! ဒီမှာနေ့တိုင်း သေတော့မတက် အလုပ်လုပ်နေရတာ။ ပြီးတော့ ငါတို့ရန်ဖြစ်ပြီးတိုင်း ငါကပဲ အမြဲတမ်းစခေါ်နေရမှာလား"

"တောင်းပန်ပါတယ်"
မော့ဟန်က ပြောသည်။

သူတောင်းပန်သည်ကို ကြားသောအခါ ရှန်ယို့က ငြိမ်ကျသွားသည်။ ထို့နောက်
"ငါတို့အဆက်အသွယ်မရှိတာ တစ်လလောက်ကြာသွားပြီမလား?"

"အင်း"

သူတို့တွဲနေကြသည်မှာ ၃နှစ်ရှိပြီဖြစ်သည်။ သူမက မော့ဟန်ကို စိတ်ဆိုး၍ ရန်ဖြစ်ခြင်းမဟုတ်သောကြောင့် ရန်ဖြစ်သည်ဟူတောင် ပြောမရပေ။ ဖြစ်ရသည့်အကြောင်းမှာလည်း အမေရိကတွင် သူမကိုင်ထားသည့် အလုပ်အကြောင်းကို မော့ဟန်ကို ပြောပြရာက စတင်ခြင်းဖြစ်သည်။ မော့ဟန်က သူမသုံးသည့်နည်းလမ်းများကို သဘောမတူကာ သူမကိုစိတ်မရှည်ဘူးဟု ပြောခဲ့သည်။ ထိုအချိန်က သူမဘော့စ်က သူမကိုဆူထားသောကြောင့် သူမစိတ်မကြည်ဖြစ်နေခဲ့သည်။ မော့ဟန်ကပါ ထိုကဲ့သို့ပြောလာသည့်အခါ သူမသူနှင့် ရန်ဖြစ်ရခြင်းဖြစ်သည်။

ဒါပင်မယ့် ရှန်ယို့ဒေါသထွက်နေသည့်အချိန်တိုင်း မော့ဟန်က တိတ်ဆိတ်သွားကာ သူမကို ဘာမှပြန်မငြင်းတက်ပေ။ သူတို့တွဲနေသည့်အချိန်ကလည်း ကြာနေပြီဖြစ်သောအခါ သူမရန်ဖြစ်တိုင်း မော့ဟန်က မပြောင်းမလဲ ဆိတ်ဆိတ်နေလေလေ သူမဒေါသပိုထွက်လာလေဖြစ်သည်။ ထို့ကြောင့် သူမဒေါသထွက်လွန်းသောကြောင့် စိတ်ပြန်ငြိမ်ရန် အချိန်ယူကြဖို့ သူမပြောခဲ့ခြင်း ဖြစ်သည်။

"မော့ဟန် ငါတို့ပြေငြိမ်းကြရအောင်"

"အင်း"

"ငါနင့်ကိုလွမ်းတယ်"

ရှန်ယို့က ညင်သာစွာ
"မော့ဟန် နင်အမေရိကကို မလာချင်ဘူးလား?"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now