170

2.8K 277 2
                                    

Unicode Ver

၁၇၀။ ငါ့ကိုမချစ်ဘူး

"လွန်ခဲ့တဲ့၂နှစ်တုန်းက တွေ့ခဲ့တဲ့သူက ကျွန်မဆိုတာ သေချာလား?"
သူမက မေးလိုက်သည်။

"အင်း။ အဲ့ဒီအချိန်တုန်းက မင်းနောက်ကျောက တက်တူးကို ငါတွေ့ခဲ့တယ်လေ"
ဟန်လျန်က ပြောသည်။

ထိုအခါမှသာ ရှုချင်းရီက အရင်တုန်းက သူပြောသည့်စကားများတွင် သူမ၏တက်တူးအကြောင်းပါသောကြောင့် ယုံမိသွားခြင်းကို ပြန်သတိရသွားသည်။

"အဲ့ဒီအချိန်တုန်းက မတွေ့ခဲ့ရင် မင်းကို ဒီလိုယုံအောင်လုပ်ဖို့ လွယ်မှာ မဟုတ်ဘူး"
ဟန်လျန်က ရယ်ကာ ပြောသည်။

ရှုချင်းရီက သူမ၏အကြောင်းများကို တွေးကြည့်လေလေ ပိုခေါင်းရှုပ်လေလေပဲ ဖြစ်သည်။ ထို့ကြောင့် သူမဆက်တွေးမနေတော့ဘဲ

"ဘာဖြစ်လို့ ကျွန်မကို ညန်ညန်ရဲ့ နေရာမှာ အစားထိုးဖို့လုပ်နေတာလဲ?"

ဟန်လျန်က အပြင်ဘက်ကလမ်းကို ကြည့်ရင်း
"ညန်ညန်ရဲ့အလောင်းဆိုတာကို တွေ့လိုက်ရတုန်းက ငါ့ဘဝက ပြီးဆုံးသွားပြီလို့ ထင်လိုက်တယ်။ သူကဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးပေါ့။ နောက်တော့ မင်းကိုလမ်းပေါ်မှာ တွေ့လိုက်တော့ ညန်ညန်ပြန်လာပြီလို့ ခံစားလိုက်ရတာ။ အဲ့ဒီအချိန်တုန်းက မင်းအမူအယာက သူနဲ့တစ်ပုံစံတည်းပဲ"

"အဲ့ဒီအချိန်တုန်းက ညန်ညန်က အိမ်ကိုပြန်လာနိုင်ပြီလို့ ငါထင်လိုက်မိတယ်။ မင်းတို့နှစ်ယောက်က ရုပ်ချင်းတူရုံတင်မဟုတ်ဘူး။ အမူအယာတွေကအစ တူနေတာ။ အဲ့ဒါကြောင့် ညန်ညန်လို့ပဲ ငါယုံထားလိုက်မိတာ. . .ဒါပင်မယ့် ငါမှားသွားတယ်"

သူကရှုချင်းရီကို လှည့်ကြည့်ကာ
"မင်းတို့အမေကတော့ မှန်တယ်။ မင်းတို့နှစ်ယောက်က ဘယ်တော့မှ တစ်ယောက်တည်းလို ဖြစ်နေမှာ မဟုတ်ဘူးတဲ့။ မင်းတို့က ဘယ်လောက်တူတူ မင်းကစုန်ညန်မူဖြစ်နေပြီးတော့ သူကတော့ စုန်ယွဲ့ညန်ပဲ"

"အမေက. . .ဘာဖြစ်လို့ ငါ့ကိုညန်ညန်အဖြစ်လို့ အိမ်ကိုခေါ်လာဖို့ သဘောတူရတာလဲ?"

ဟန်လျန်က ပြောသည်။
"မင်းတို့အမေက မင်းကိုလည်း ချစ်ပါတယ်။ သူ့သမီးတစ်ယောက် ဆုံးရှုံးသွားကတည်းက ကြောက်စိတ်ဝင်နေတာ။ နောက်တစ်ယောက်ကို ထပ်အဆုံးရှုံးမခံချင်တော့ဘူးလေ။ အရင်တုန်းက မင်းကပြန်လာဖို့ကို သဘောမှမတူတာ။ အတိတ်မေ့နေတာကို သူသိသွားတာနဲ့ ဒါကိုအခွင့်အရေးယူပြီး မင်းကိုအိမ်ပြန်ခေါ်လာစေချင်တာ။ မင်းက ဘယ်လိုပြန်လာပြန်လာ သူကပြန်လာတာကိုပဲ လိုချင်တာပါ"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now