158

2.8K 290 4
                                    

Unicode Ver

၁၅၈။ အတူအိပ်ချင်တယ်

သူမ၏စိတ်ကျဉ်းကျပ်နေသည့် အမူအယာကို မြင်သည့်အခါ သူမ၏အမေက ပြုံးကာ
"အဆင်ပြေပါတယ်။ နောက်ပိုင်းဟာတွေကို နောက်မှပဲ ပြန်မှတ်မိအောင်လုပ်။ အခုအိမ်ပြန်ရောက်နေပြီပဲ။ အချိန်တွေ အများကြီးရှိပါသေးတယ်"

ရှုချင်းရီကလည်း ပြုံးလိုက်ကာ
"သိပါတယ်"

ရှုချင်းရီမှာ ဒီလိုပြဿနာတွေ ပြီးသွားသည့်နောက်မှာ သူမ၏မိသားစုနှင့် ဒီလိုပြန်လည်ဆုံတွေ့ရသည့်အတွက် စိတ်သက်သောင့်သက်သာဖြစ်နေသည်။ သူမ၏အမေကို ဒီလိုပန်းကန်ကူဆေးပေးနေရခြင်းက ကံကောင်းခြင်းတစ်ခုလို ခံစားရသည်။ သူမသည် ငယ်ငယ်တုန်းက ဖြစ်ရပ်လောက်ကိုပဲ မှတ်မိသေးတာဖြစ်သော်လည်း အခြားသူတွေလိုမျိုး သူမတွင်လည်း မိသားစုရှိသည်ဟု ခံစားနေရပြီ။

ညအိပ်ရာမဝင်ခင် သူမစာဖတ်နေချိန်မှာ ဟန်လျန်က သူမ၏ဘေးကစားပွဲတွင် အလုပ်ထိုင်လုပ်နေသည်။ ထို့နောက် သူမအိပ်ချင်လာသောကြောင့် ဧည့်သည်အခန်းသို့ သွားအိပ်ရန် ထလာသည့်အချိန်တွင် သူမကိုတားသည်။
"ဒီညအတူအိပ်ရအောင်"

'မနေ့ညက ငါဟိုဘက်အခန်းမှာ အိပ်မယ်ပြောထားတာကို သူသဘောတူပြီးသားမလား? အခုဘာဖြစ်ပြန်တာလဲ?'
ရှုချင်းရီမှာ ပဟေဌိဖြစ်စွာဖြင့်
"မနေ့ကတည်းက ကျွန်မတစ်ယောက်တည်း အိပ်မယ်လို့ ပြောထားတယ်မလား?"

"ကိုယ်မကြိုက်ဘူး!"
ဟန်လျန်က တည်ငြိမ်စွာပြောသည်။

"ဒါပင်မယ့် . . .ကျွန်မ မအိပ်တက်. . ."

"နောက်ဆိုရင် အိပ်တက်သွားမှာပါ။ ညန်ညန်က ကိုယ့်မိန်းမပဲ"

"ကျွန်မရဲ့ရွေးချယ်မှုကို ရှင်လေးစားပါ့မယ်လို့ ပြောခဲ့တယ်မလား?"
ရှုချင်းရီက စိတ်တိုလာသည်။

"အင်း ပြောခဲ့တယ်။ ဒါပင်မယ့် ကိုယ့်ကညန်ညန်ရဲ့ ယောက်ျားလေ။ ဒီလိုခွဲအိပ်နေလို့ မကောင်းဘူး။ အတူအိပ်ချင်တယ်"

ရှုချင်းရီက အခိုင်အမာပြောသည်။
"ဟန်လျန် အရင်ကတည်းက ကျွန်မပြောပြီးသား။ ကျွန်မအတိတ်မေ့နေလို့ ဘာမှလည်းမမှတ်မိဘူး။ ရှင့်အပေါ်လည်း ခံစားချက်မရှိဘူး။ အရင်တုန်းက ပုံစံမျိုးကို ကျွန်မကို အခုလာမဆက်ဆံနဲ့!"

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now