107

3.6K 432 3
                                    

Unicode Ver

၁၀၇။ အတူတူအိပ်ကြပြီ

"ဒီနေ့တညပါပဲ။ ကြောက်လို့ပါ"
ရှုချင်းရီက ပြောသည်။

"အိပ်မက်ဆိုးပဲ။ ဘာကြောက်စရာရှိလို့လဲ?"
မော့ဟန်က ပြုံးကာပြောနေသော်လည်း သူ့ခါးက သူမလက်များကိုတော့ ဖယ်မပစ်ပါ။

"ညီမလေးက အိပ်ရင် တကယ်ငြိမ်တာပါ။ အနှောင့်အယှက် မဖြစ်စေရပါဘူး"

"ဒါဆိုရင်ရော။ မင်းအိပ်ပျော်တဲ့အထိ ငါဒီမှာစောင့်ပေးမယ်။ ပြီးမှ ငါသွားမယ်လေ"
မော့ဟန်ကပြောသည်။

သူ့ရင်ခွင်ထဲက ရှုချင်းရီက ခေါင်းခါသည်။
"မရဘူး။ ကိုကြီး ထွက်မသွားနဲ့"

မော့ဟန်က သက်ပြင်းချလိုက်သည်။ မော့ဟန်က သူမလက်များကို ဖယ်ပစ်လိုက်ချင်နေသော်လည်း ဒီကောင်မလေးမှာ သူထွက်သွားရင် သေတော့မည့်အတိုင်း အတင်းဖက်ထားသည်။ ထို့ကြောင့် သူအလျော့ပေးလိုက်သည်။

"အင်း အပြင်ကမီးတွေ သွားပိတ်လိုက်မယ်"
မော့ဟန်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်။

ရှုချင်းရီက သူ့အားလွှတ်ပေးလိုက်သော်လည်း သံသယအပြည့်ဖြင့် ကြည့်လာကာ
"ညီမလေးနဲ့ အတူတူအိပ်ပေးရမှာနော်"

မော့ဟန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမီးသွားပိတ်စဉ် ကိုယ့်ညီမလေး စိတ်လုံခြုံမှု ရှိစေဖို့အတွက် အကိုကြီးတစ်ယောက်က ဒီလိုမျိုးလုပ်ပေးမှာပါဟု သူဖြေတွေးလိုက်သည်။

ထို့နောက် မီးပိတ်ပြီးနောက် ရှုချင်းရီ၏ဘေးသို့ ရောက်လာသော်လည်း သူ့စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေသေးသည်။ ရှုချင်းရီကတော့ နည်းနည်းမှ သက်တောင့်သက်တာ မဖြစ်ပုံမပေါ်ပါ။ သူပြန်မလာခင်ကတည်းက ဘေးသို့ကပ်ကာ မော့ဟန်အိပ်ဖို့နေရာဖယ်ထားပြီးသား ဖြစ်သည်။

ရှုချင်းရီကတော့ သူ့ဆီမှာ အကြည့်မခွာခြင်းကို ခံစားနေမိသည်။ သူကဘေးတွင် စောင်ကိုလှန်ကာ ဝင်မအိပ်ခင် အကြာကြီးတွေဝေစွာဖြင့် ရပ်နေခဲ့သေးသည်။ သူမတောင်းဆိုသမျှကို သူဘယ်တုန်းကမှ ငြင်းဆန်နိုင်စွမ်းမရှိပါ။

If the Deep Sea forgets you (Myanmar Translation)Donde viven las historias. Descúbrelo ahora