လျူဇီယွမ်က ဝိုင်ခွက်အား စားပွဲပေါ်တွင်ချကာ တခြားနေရာသို့ ထွက်သွားသည်။

ဘေးမှာထိုင်နေသည့် ရှုချင်းရီကတော့ သူတို့ပြောဆိုနေသည်များကို အာရုံမစိုက်နိုင်ပါပေ။ သူမဟာ အမြန်ထိုင်စားနေသောကြောင့် သီးလာသည့် ရေသောက်ရန် ရှေ့ကခွက်ကို ဆွဲသောက်လိုက်သည်။

တစ်ဝကြီးမြိုချပြီးခါမှ သူမပူသည့်အရသာကို ခံစားမိသည်။ သူမ၏ခံတွင်းတစ်ခုလုံးနှင့် လည်ချောင်းတစ်လျှောက်လုံးမှာ ပြင်းထန်သည့်အရသာဖြင့် ပြည့်သွားလေသည်။

"အား!"
ရှုချင်းရီမှာ လည်ပင်းကိုကိုင်ရင်း ထအော်သည်။

မော့ဟန်က သူမကိုကြည့်ကာ ချက်ချင်းပဲ
"ဘာဖြစ်တာလဲ?"

သူမကိုင်ထားသည့်ခွက်ကို သတိပြုမိချိန်တွင်တော့
"အရက်တွေသောက်လိုက်တာလား?"

ရှုချင်းရီက ရေတစ်ငုံသောက်လိုက်ကာမှ အနည်းငယ်သက်သာသွားသည်။
"မသိဘူး အဲ့ဒါအရက်တွေလား"

"အရက်က အရက်၊ ရေကရေပဲ။ အရသာကိုက ကွာနေတာကို။ ဘယ်လိုလုပ်မှားရတာလဲ?"

မော့ဟန်က မျက်မှောင်ကျုံနေပြီ။ သူမလက်ထဲက ခွက်အလွတ်ကို ကြည့်ကာ
"အကုန်သောက်ပစ်လိုက်တာလား?"

ရှုချင်းရီ၏ တစ်ဖက်တွင် ထိုင်နေသည့် ယောက်ျားလေး တစ်ယောက်မှာ
"အဆင်ပြေရဲ့လား?"

ရှုချင်းရီက သူမလည်ပင်းအား လက်ဖြင့် ထပ်မကိုင်ခင် ထိုလူအား လက်ကာပြကာ
"ရပါတယ်"

သို့သော် ထိုပူစပ်ပူလောင် အရသာကြီးမှာ သံသယရှိစရာ မလိုအောင်ကို အဆင်မပြေပါ။

"အရင်တုန်းက သောက်ဖူးလား? အရက်ခံနိုင်ရည်ကရော ဘယ်လောက်ရှိတာလဲ? အဆင်မပြေဘူးဆိုရင် ဟိုနားမှာသွားနားနေလိုက်လေ"
ထိုလူမှာ ရှုချင်းရီအတွက် စဉ်းစားပေးကာ ပြောသည်။

"မသောက်ဖူးပါဘူး။ အရက်ခံနိုင်ရည်လည်း ဘယ်လောက်ရှိမှန်း မသိဘူး။ သိတာဆိုလို့ အခုအရမ်း လည်ချောင်းထဲ ပူနေတာပဲ။ ဒီလိုဟာကြီးကို ရှင်တို့တွေ ဘယ်လိုများ ကြိုက်ကြတာလဲ?"

"ဘယ်သိပါ့မလဲကွာ"
ထိုလူမှာ ရယ်ရင်းပြောသည်။

မော့ဟန်ကတော့ ဒီနှစ်ယောက်မှာ သူ့ကိုတောင် သတိမထားမိကြဘဲ စကားပြောနေကြသည့်အခါ သူစိတ်မှာမကြည်တော့ပါ။ ရှုချင်းရီဘေးကလူကို သူစိုက်ကြည့်လိုက်သည်။ ထိုလူမှာ ကျန်းချင်းချန်ဖြစ်သည်။ ထိုလူက မိန်းမကျမ်းကျေညက်လွန်းသည့်သူဟု သူကြားဖူးခဲ့သော်လည်း ထိုအရာက သူ့၏ကိုယ်ပိုင်ဘဝဖြစ်သလို လုပ်ငန်းခွင်တွင်တော့ အဆင်ပြေသည့်သူဟုသာ သူမြင်ခဲ့လေသည်။ သို့သော် ဒီနေ့တွင်တော့ သူမြင်ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီအား ဒီလိုကောင်၏ အဝေးမှာသာ သူနေစေချင်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now