Part_13 (Unicode)​

1.3K 133 10
                                    

"ဘာလို့တစ်ညလံုးအိပ်လို့မရတာလဲကွာ"

စိတ်ရှုပ်စွာဖြင့်ဆံပင်တို့ကိုလက်ငါးခေျာင်းဖြင့်ဆွဲဖွလိုက်ကာ​ တိုင်ကပ်နာရီကိုကြည့်မိတယ်။

"6နာရီပဲရှိသေးတာလား...shit!"

ညကတည်းကနေခုချိန်ထိ တစ်ရေးမှမအိပ်ရသေး။ အတင်းကြိတ်မှိတ်အိပ်လဲမရပေ။ ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်မိတော့ မျက်ကွင်းကညိုနေပြီပင်။ မနက်6နာရီတောင်ထိုးနေပြီဆိုတော့ အိပ်လို့လည်းရတော့မည်မထင်ပါ။ သို့ကြောင့်​ Hotelရေှ​ ့ကပန်းခြံလေးထဲမှာ လေ့ကျင့်ခန်းသွားလုပ်ရန်သာ ဆံုးဖြတ်ချက်ချလိုက်ရတယ်။

"ငါ့နှယ့် ဝဋ်ကြွေးကြီးလိုက်တာနော်"

ပြောပြောဆိုဆိုဖြင့်ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီးနောက်​ ပေါ့ပေါ့ပါးပါးအဝတ်တစ်စံုကိုလဲဝတ်လိုက်တယ်။ ထို့နောက်မှာတော့ အခန်းထဲကထွက်ကာ ပန်းခြံဆီသို့...

"အမေ့!!!"

ပြဿနာကစပြီ။

ဓာတ်လေှကားနဲ့မဆင်းပဲ လျှာရှည်ပြီးရိုးရိုးလေှကားကဆင်းလာမိခါမှ တံခါးအဝင်အထွက်ပေါက်မှာ ကောင်မလေးတစ်ယောက်နဲ့တည့်တည့်ကိုဝင်တိုက်မိတယ်။ ကောင်မလေးကလည်းအရှိန်နဲ့ပြေးအဝင်၊ ကျွန်တော်ကလည်းအရှိန်နဲ့ပြေးအထွက်မို့ နှစ်ယောက်စလံုးခြေပစ်လက်ပစ်ကို လဲကျသွားရတယ်။ ကောင်မလေးကတော်တော်နာသွားတဲ့ပံုပေါက်တာကြောင့်​ ယောကျာ်းလေးဖြစ်တဲ့ကျွန်တော်ကပဲနာနေတာကိုမြိုသိပ်ပြီး တွဲထူဖို့ရာမတ်တပ်ထရပ်လိုက်တယ်။

"ဒီမှာ​ဒီမှာ...ထလို့ရရဲ့လား?အရမ်းနာသွားလားဗျ"

မော့ကြည့်လာတဲ့မျက်ဝန်းတစ်စံုမှာ မျက်ရည်စတေွကပ်ငြိနေတာကို ကျွန်တော်ဖျက်ခနဲမြင်လိုက်ရတယ်။
နေဦး....

ကျွန်တော်သူ့ကိုမြင်ဖူးနေသလိုပဲ...ဘယ်မှာမြင်ဖူးတာပါလိမ့်...

"ရ​ ရပါတယ်။"​

ခါးလောက်ရှိတဲ့ရေွှရောင်ဆံနွယ်တေွနဲ့
ထိုအသံ။

မနေ့ကကြားခဲ့ရတဲ့အသံနဲ့ ဝေဝေဝါးဝါးမြင်ကွင်းတေွကိုတစ်ဖန်ပြန်ပံုဖော်မိပြန်တော့
စိတ်တေွကဂယောက်ဂယက်ဖြစ်လာရတယ်။

Second Person (Season_1)​(Completed)​Tempat cerita menjadi hidup. Temukan sekarang