Part_26​ (Zawgyi)

491 41 0
                                    

"သင်္ဘောမနက်ဖြန်ညနေ5နာရီလောက် Don Won သင်္ဘောဆိပ်မှာ ဆိုက်မယ် Rae In"

"ဟင်​ တစ်ပတ်တောင်မပြည့်သေးဘူးလေ... အစောကြီးပါလား"

အရေးတကြီးအလုပ်ရှိသည်ဟုဆိုကာ​ ကျွန်တော့်အားHotelသို့ ဖုန်းဆက်ခေါ်တာကြောင့် အိပ်ရာနိုးနိုးချင်းထရလာခဲ့သည်။ မပွင့်သေးသည့်မျက်လုံးများမှာ အခုလိုမျိုး စကားကိုကြားလိုက်ရတော့​ ပြူးကျယ်ကုန်ရပြီပင်။

"JapanကStar​ Hotelမီးလောင်မှုကြောင့် ရဲတွေကအဲဒီ့ဘက်ကို အာရုံရောက်နေကြတယ်။ ဒါကြောင့်​ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး။"

"ကောင်းပြီ။ ကျွန်တော်ကားအဆင်သင့်လုပ်ထားလိုက်ပါ့မယ်။ Sakaရော လိုက်မယ်မလား?"

"Kim Myung Soo​ကတော့​ မြွေပွေးကိုခါးပိုက်ပိုက်ထားမိတာပဲ... ဟားဟား"

အမေးနဲ့အဖြေသည် တခြားစီပင်။

ကျွန်တော်​စိတ်ထဲ​ တစ်မျိုးကြီးခံစားလိုက်ရသည်။ ရိသဲ့သဲ့ပုံစံနှင့်ပြောကာ ဟားတိုက်ရယ်နေသည့်Sakaကြောင့် မရည်ရွယ်ပါပဲ မျက်မှောင်ကြုံ့ လိုက်မိ၏။

"ဘာကိုဆိုလိုတာလဲ Saka"

"နိုင်ငံတကာမှာTOP (1)ဖြစ်နေတဲ့​ Hotelကြီးကို မီးလောင်အောင်လုပ်ပြီး Kim Myung​ Sooလိုလူကိုတောင် အချုပ်ထဲထည့်နိုင်တာ​ တော်ရုံရဲတင်းမှုလား ဟမ်..."

"ဒါက..."

Sakaသည် ကျွန်တော့်ကိုစကားဆုံးအောင်တောင် ပြောခွင့်မပေးပါ။

"ဒီကိစ္စကအေးအေးဆေးဆေးနဲ့ပြီးမသွားလောက်ဘူး။ ယူတို့ Kim Tae Hoonကို လျှော့မတွက်နဲ့နော်။"

"​ကျွန်တော်လည်း​ အဖေ့ကိုသတိနဲ့နေဖို့ပြောထားပါတယ်။"

"​တို့လည်း​ ဒီကိစ္စပြီးရင် အနားယူတော့မှာ...ဘာပြဿနာမှ​ရှိမလာဖို့ပဲ​ မျှော်လင့်ပါတယ်။"

"ကျွန်တော်ရောပဲ"

အဆုံးသတ်​ အသံတွေဟာ ခပ်တိမ်တိမ်။

မှန်တွေကာရံထားတဲ့ကြားကနေ ကျွန်တော်အပြင်ဘက်ကိုငေးကြည့်မိတယ်။

မကြာခင်မိုးရွာတော့မည်။ ကောင်းကင်ကြီးကလည်း မှောင်မိုက်လို့... စိတ်ထဲမှာလည်း အလေးတုံးကြီးဆွဲထားရသလို​ လေးလံနေ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now