[NEW]​ EPISODE_38

934 109 2
                                    

Unicode🌻

"စားတောင်နေကြပြီလား။"​

ကျွန်တော်နဲ့Rae In Hyungမှာ ထမင်းစားနေရင်းမှ မတိုင်ပင်ပါပဲ စကားသံလာရာမော့ကြည့်မိသည်။ Mooဟာ စားပွဲပေါ်​ ပါလာသည့်ပိုက်ဆံအိတ်အား ပစ်တင်လိုက်ကာ ခါးထောက်လျက်မတ်တပ်ရပ်ပြီး သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေ၏။ Moo၏ထိုသို့သောအပြုအမူကိုမြင်တဲ့ Rae In Hyungဟာ မနေနိုင်မထိုင်ဖြင့် ကုတင်ဘေးရှိပလတ်စတစ်ခံုလေးအား သွားယူပေးသည်။ ကျွန်တော်ကတော့ မျက်စိရေှ ့ရှိလူသားနှစ်ယောက်ရဲ့​ အပြုအမူတိုင်းကို တစ်ခုချင်းစီမျက်တောင်မခတ်တမ်း ငေးမောနေခဲ့မိ၏။

"ထိုင်လေ။ ဘာတေွစိတ်ညစ်စရာ ရှိနေလို့လဲ။"​

ထိုင်ခံုကိုခြေထောက်နားထိတိုးပေးလို့​ မေးမြန်းသူက Rae In Hyung...

Mooရဲ့ အကြည့်တေွဟာတော့ သူမယူလာသည့်​ ပိုက်ဆံအိတ်ဆီမှာပင်။ Rae In Hyungရဲ့အပြုအမူနဲ့ မေးမြန်းမှုကို သိဟန်ကြားဟန်မပေါ်တာကြောင့် မေနေတတ်မထိုင်တတ်စွာနဲ့ပဲ Mooခါးမှာထောက်ထားသည့်လက်တစ်ဖက်ကို ကျွန်တော်​ဆတ်ခနဲ​ ဆွဲဆန့်လိုက်မိသည်။

"အ... ဘာလုပ်တာလဲကွာ... အတေွးတေွတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး Tae Hyungကတော့လေ။"​

စိတ်ဆိုးဟန်မပြ စိတ်ပျက်နေသောလေသံလည်း မဟုတ်တာကြောင့် ကျွန်တော်စိတ်မနည်းအေးသွားရသည်။ လုပ်သာလုပ်လိုက်ရတာ စိတ်ဆိုးသွားမှာတော့ ကြောက်မိ၏။

"ထမင်းစားပါဦးလား Saka"​

"မစားတော့ဘူး။ ဖိတ်စာလာပေးတာ..."​

Mooရဲ့စကားကြောင့် ပါးစပ်ဝနားရောက်နေသည့်ဇွန်းပင် လွတ်ကျသွားရသည်။ Rae In Hyungကိုကြည့်မိတော့ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လျက် မသိချင်ယောင်ဆောင်ကာ ထမင်းဆက်စားနေသည်ကို​ တေွ ့ရ၏။

"ရော့..."

ပေးလာသောဖိတ်စာတစ်စောင်ကို လှမ်းယူလိုက်ကာ Mooအားကျွန်တော် ခပ်ဖွဖွပြုံးပြလိုက်သည်။ အပြင်ပန်းမှာပြုံးနေနိုင်သော်ငြား ရင်ထဲမှာတော့ ဒူးရင်းသီးတေွသီးနေပြီဖြစ်၏။ Mooဟာကျွန်တော့်ကို ချစ်နေသည်လဲပြောသေးသည် အခုတော့ အခြားတစ်ယောက်နဲ့ လက်ထပ်တော့မည်တဲ့လေ။ စိတ်ထဲမကေျနပ်မှုကကြီးစိုးလာတာကြောင့် ငြိမ်နေသည့်Rae In​ Hyungအား တံတောင်ဖြင့်တွတ်ကာ သတိပေးရသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now