Part_8​ (Zawgyi)

1.1K 64 2
                                    

"Hello ...Mori Saka"

"အို Rae Inပါလား...ဘာကိစ္စရှိလို့လဲ?"

"Saka ကို ကိုယ်အလုပ်တစ်ခုအပ်ချင်လို့..."

"ဝိုး ပြောကြည့်လေ..."

ကျွန်တော်လုပ်ချင်သည့်အရာကို​ သေသေချာချာပြောပြကာ ဈေးညှိလိုက်တယ်။ Saka ကဂျပန်နိုင်ငံမှ​ အမှောင်လောကသားတစ်ယောက်ပင်။ မိန်းကလေးတစ်ဦးဖြစ်သော်ငြား မည်သူတစ်ဦးတစ်ယောက်ကမျှ​ သူမကိုမယှဉ်နိုင်ကြပေ။ တရားမဝင်စက်ရုပ်ထုတ်သည့်လုပ်ငန်းနှင့် ဆေးမှောင်ခိုဈေးကွက်တို့ကို သူမက ကြီးစိုးအုပ်ချုပ်သည်ဟု အဖေကကျွန်တော့်ကို ပြောပြဖူးတယ်။ သူမနှင့်သိခဲ့ရသည်မှာလည်း အဖေနှင့်ပတ်သက်၍ သိခဲ့ရခြင်းပင်။

"Kim Tae Hyung...Kim Tae Hyung ခဏလေးပဲစောင့် မင်းရဲ့ဇာတ်သိမ်းကို ငါကိုယ်တိုင်ရေးဆွဲပေးမယ်။ မကြာခင် ပွဲကကြည့်ကောင်းတော့မှာ...ဟားဟားဟား"

ခုံပေါ်မှပစ္စည်းများအား အိတ်ထဲကောက်ထည့်ကာ အပြုံးတစ်ခုဖြင့်​ အစည်းအဝေးခန်းထဲက​ ထွက်ခဲ့လိုက်တယ်။ အရာအားလုံးဟာ​ ကျွန်တော်​စီစဉ်သည့်အတိုင်း ဖြစ်ကိုဖြစ်ရမည်ဟုလည်း​ တထစ်ချယုံကြည်ထား၏။

...................
...................
...................

At Brown Perfume Company....

Min Yuriတစ်ယောက်​ CEOရုံးခန်းရှေ့မှာ ဖုန်းတစ်လုံးကိုလက်ကကိုင်လျက် ရှေ့လျောက်လိုက်၊ နောက်လျောက်လိုက်နှင့်​ ယောက်ယတ်ခတ်နေရတယ်။ လက်မှာပတ်ထားတဲ့​ နာရီကိုကြည့်မိတော့ ၂နာရီထိုးနေပြီဖြစ်တာကြောင့် ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာ ဆက်လိုက်တယ်။

"Hel..."

"Jeon!!! Jung!!! Kook!!! ခွေးကောင်...နင်ဘယ်အရပ်မှာလဲဟ။"

ကလေးငယ်တို့ကုမ္ပဏီထဲဝင်သွားကတည်းက ကားပါကင်ဝင်ထိုးကာ ဖုန်းစက်ပိတ်ပြီး ခဏအိပ်နေမိလိုက်တယ်။ ပြန်နိုးလာသည့်အချိန်တွင်​ ဖုန်းပြန်ဖွင့်ကြည့်မိတော့ Yuriထံမှ အခါ၅၀ဆိုသော​miss callနီနီများကိုတွေ့လိုက်ရ၏။ ဒီ‌နေ့အလုပ်နားမည့်အ‌ကြောင်း​ မပြောရသေးတာကိုသတိရကာ ချက်ချင်းဖုန်းပြန်ဆက်မလို့လုပ်နေတုန်း ဖုန်းဝင်လာတာကြောင့်​ ဝမ်းသာအားရကိုင်လိုက်သော်လည်း ပိတ်အော်ခံလိုက်ရတယ်။ ကျွန်တော်​ဘာအမှားတွေများ​ လုပ်မိထားပြီလဲ မသိဘူး။

Second Person (Season_1)​(Completed)​Where stories live. Discover now