Part_14 (Unicode)​

1.3K 135 16
                                    

ကလေးငယ်ကိုHotelသို့ဝင်ပို့ပြီးတာနဲ့ Soraကိုဆေးခန်းပို့ဖို့ရာ ကားလေးကိုဆေးခန်းရှိရာသို့ အပြေးနှင်ရတယ်။ Soraဟာအခုတလော အလုပ်တေွများတာကြောင့်ပဲလားမသိ အရင်ကထက်ပိုပိန်လာတယ်လို့ ကျွန်တော်ခံစားမိတယ်။

"အစားကိုပံုမှန်စားရဲ့လား Sora"

"စားပါတယ်​ Oppaရဲ့... ဘာလို့လဲ?"

"တဖြေးဖြေးနဲ့ပိန်လာသလိုပဲ... ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဦး။"

"Oppaကအရင်ကလို Soraကိုဂရုမစိုက်တော့တာကြောင့်ပဲဖြစ်မှာပါ။"

ဒါဟာ​ ဘယ်လိုစကားကြီးလဲ။

ဘာပြန်ပြောရမှန်းမသိအောင်ကို ထိုစကားတစ်ခွန်းက ကျွန်တော့်နှုတ်ခမ်းပါးတစ်စံုကို ဆွံ ့အစေခဲ့ပါတယ်။

"​Soraကနောက်တာပါ။ Oppaကဘာလို့ အသံတိတ်သွားရတာလဲ?"

"မတိတ်ပါဘူးSoraရဲ့...​ကိုယ်စဥ်းစားနေတာပါ။"

"ဘာကိုလဲ?"

"နှလံုးအစားထိုးဖို့ အလျှူရှင်ဘယ်တော့မှတေွ ့မှာလဲလို့ပါ။"

"အော်"

ဒီနေ့​ Soraပံုစံဟာ တစ်မျိုးတစ်ဖံုထူးဆန်းနေတယ်လို့ ကျွန်တော်တေွးထင်မိတယ်။ စိတ်ဆိုး၊ စိတ်ကောက်နေတဲ့ပံုစံမျိုးမဟုတ်ဘဲ တစ်ခုခုကိုစိတ်ခုနေတဲ့ပံုစံမျိုးပင်။ ဘာတေွကများSora​ စိတ်ထဲလွှမ်းမိုး​နေလေသလဲ? စဥ်းစားရခက်လှသည်ပင်။

"​အန်တီရော နေကောင်းရဲ့လား?"​

"အင်း​ ကောင်းပါတယ်။"​

ကျွန်တော်တို့နှစ်ယောက်ဟာ ချစ်သူဖြစ်ပြီးတစ်နှစ်လောက်အကြာကတည်းက​ နှစ်ဘက်မိဘတေွကိုဖွင့်ပြောကာ တရားဝင်တွဲခဲ့ကြခြင်းပင်။ မိဘတေွကလဲကန့်ကွက်ခြင်း မရှိခဲ့ပါ။ မေမေဆို Soraကိုသမီးအရင်းလေးတစ်ယောက်လို​ကို​ ချစ်ခင်တွယ်တာသည်။ Soraရဲ့အမေဟာလည်း ကျွန်တော့်ကိုသားအရင်းလေးတစ်ယောက်လို ချစ်ခင်တွယ်တာသည်။

"ကိုယ့်ကို​စိတ်ဆိုးနေတာလား Sora"​

နှစ်ဦးကြားစိတ်ခုစရာရှိနေရင် အမြန်ဆံုးဖြေရှင်းညှိုနှိုင်းလိုက်တာ ကောင်းမယ်လို့ကျွန်တော်ထင်တယ်။ အရင်နေ့တေွက Soraအပေါ်လျစ်လျူရှုခဲ့မိခြင်းတေွရဲ့ အကျိုးဆက်တေွပဲဖြစ်မှာပါလေ။

Second Person (Season_1)​(Completed)​Where stories live. Discover now