Part_30​ (Zawgyi)

547 45 3
                                    

"ငါ... ငါ့သူ့ဆီသွားမှဖြစ်မယ်။"

ဘယ်သူဘယ်ဝါကို ရွေးချယ်မည်ဆိုတဲ့အတွေးမျိုး ကျွန်တော့်ခေါင်းထဲမှာမရှိပါ။ အခုလောလောဆယ်တော့ ကျွန်တော်​ကလေးငယ်ဆီ သွားမှကိုဖြစ်မည်။

"မင်းဘယ်ကိုမှမသွားရဘူး Jeon​ Jung Kook"

အမိန့်ဆန်ဆန်စကားသံတွေလည်း ကျွန်တော်ဂရုမစိုက်နိုင်တော့။ ကလေးငယ်ဆီရောက်ဖို့ကသာ အရေးကြီးသည်မို့​ ကျွန်တော်မတ်တပ်ထရပ်ကာ​ တံခါးပေါက်ဆီခြေလှမ်းတွေကို ဦးတည်လိုက်သည်။

"မင်းကိုငါမသွားရဘူးလို့ ပြောနေတယ်လေJeon Jung Kook"

တံခါးရှေ့ ပိတ်ရပ်ကာဆိုလာသည့်​ Jakeကြောင့် မျက်ခုံးနှစ်ခုသည် ထိလုမတတ်တွန့်ချိုးသွားရသည်။

"ဖယ်Jake... ငါ့မှာမင်းအမေးတွေအတွက် အဖြေမရှိဘူး။ ဒါ့ကြောင့်​ ဖယ်ပါကွာ... ငါ့​ကလေး...ငါ့ကလေးဆီ ငါသွားမှဖြစ်မယ်။ သူအခုချိန်ဆို တအားခံစားနေရမှာ... ဖယ်ပါJakeရာ... ငါတောင်းပန်ပါတယ်။"

ထိုင်ရှိခိုးတော့မတတ်တောင်းပန်နေသည့် ကျွန်တော့်အားJakeသည် အထူးအဆန်းသတ္တဝါတစ်ကောင်အား မြင်တွေ့လိုက်ရသည့်နှယ်​ အံ့သြစွာငေးကြည့်နေခဲ့ပါသည်။

"​Sexအတွက်ဆိုရင် ငါတခြားသူရှာပေးမယ်Jung Kook... ဒီကောင်လေးကိုတော့ မင်း... "

ခွပ်!

Sexဆိုသည့်စကားကြောင့် Jake၏မျက်နှာထက် လက်သီးတစ်ချက် ကျရောက်သွားရသည်။ Jakeသည် မမှုသည့်ပုံစံဖြင့် နှုတ်ခမ်းထောင့်မှသွေးစတို့အား လက်မနှင့်ဖိပွတ်ကာ ကျွန်တော့်ကိုစူးစူးရဲရဲစိုက်ကြည့်နေလေသည်။

"နောက်တစ်ခါ​ ဒီစကားကိုငါ့ရှေ့ ထပ်မပြောနဲ့​ ဟေ့ကောင်... ငါမင်းကို အသေသတ်မိလိမ့်မယ်။"

"မင်းကသူ့ကိုတကယ်ချစ်လို့လား... ဒါဆို​ Soraကရော... Soraအတွက်ကရောလို့!!!"

Jake သည်​ကျွန်တော့်၏အင်္ကျီကော်လံစအား​ ဒေါသတကြီးဖြင့် ဆောင့်ဆွဲကာပြောလာလေသည်။ ကျွန်တော့်ခေါင်းထဲမှာ Soraအတွက်ဆိုပြီး စဉ်းစားထားတာမရှိပါ။ ကလေးငယ်အတွက်သာ စိုးရိမ်ပူပန်မှုတွေအပြည့်ဖြစ်နေ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now