Part_24​ (Zawgyi)

592 49 5
                                    

စာရင်းစာအုပ်ပုံကြား ခေါင်းနှစ်ထားရသည်မှာ အချိန်မည်မျှကြာသွားပြီမသိပေ။ ဆုံလည်ကုလားထိုင်အား ကျောမှီကာ မျက်လုံးတို့ကိုခဏအနားပေးရင်း...

"ဘယ်အချိန်ရှိပြီလဲ Noona"

"5နာရီထိုးပြီ Tae Hyung... ခဏနားပြီးမှ ဆက်လုပ်ပါလား"

"ရပါတယ်​ Noonaရဲ့... ဒါနဲ့​ ကျွန်တော့်ကို သံပုရာရည်တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင်... ခေါင်းတွေနောက်လာလို့"

"ဒါဆို​ ခဏစောင့်... သွားဖျော်လိုက်မယ်။"

"ဟုတ်"

ကျွန်တော်​စစ်သည့်​​ တစ်လစာစာရင်းချုပ်Fileတိုင်းမှာ သုညတစ်လုံးစီပျောက်နေ၏။ 7လစာထိ စစ်ပြီးပြီပင်။ မနက်ကဌာနချုပ်မှူးပြောသည့်ပုံစံအတိုင်းဆို ဒီကိစ္စဟာ ရိုးရိုးသားသား တစ်ခါတလေမှားယွင်းမှုပုံစံမျိုး မဖြစ်နိုင်။ အသေအချာကို စနစ်တကျ​ မှားယွင်းစေမှုပဲဖြစ်ပါလိမ့်မည်။

"ရပြီ​ Tae Hyung... နည်းနည်းချဉ်ချဉ်လေး ဖျော်လာပေးတယ်။ ခေါင်းကြည်သွားအောင်လို့"

"ဟုတ်​ ကျေးဇူး​Noona"

မျက်ဝန်းတွေသည်ခံစားချက်မဲ့သူလို အေးစက်နေသည်။ အပြုံးတွေဟာလည်း မပီမပြင်။ ခပ်နွမ်းနွမ်းမျက်နှာအနေအထားကြောင့် Noonaအား အလုပ်ဆင်းခိုင်းဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။

"အလုပ်ဆင်းလို့ရပြီ Noona... ကျွန်တော်​ ဒါတွေပြီးအောင်လုပ်လိုက်မယ်။"

"ရပါတယ်။ ကူလုပ်ပေးပါ့မယ်။"

"အေးဆေးပြန်နားလိုက်ပါ Noonaရဲ့... မျက်တွင်းတွေကျနေသလိုပဲ အိပ်ရေးဝအောင်အိပ်ဦး။"

ဖြူစင်စွာသွားတန်းဖွေးဖွေးလေးတွေပေါ်သည်အထိ ပြုံးပြလာသော Tae Hyung​အား​ ခပ်ရဲ့ရဲ့သာပြန်ပြုံးပြမိသည်။ ရင်ထဲကတင်းကျပ်မှုသည် တစ်စုံတယောက်ကိုရင်ဖွင့်လိုက်ရင် ပြေလျော့သွားလေမလားဆိုသည့်အတွေးကြောင့် ပြန်ရန်သာတွေးလိုက်၏။

"​ဒါဆို​ ပြန်နှင့်လိုက်မယ်နော်။"

"​ဟုတ်​ Noona"

ယိုင်နဲ့နဲ့ခြေလှမ်းများကို ထိန်းလျောက်ရင်း ပြိုင်ဘက်ရှေ့ ကျရှုံးမသွားအောင်၊ ပြိုလဲမကျသွားအောင် အားတင်းမိသည်။

Second Person (Season_1)​(Completed)​Dove le storie prendono vita. Scoprilo ora