Part_15 (Unicode)​ Special🌻

1.4K 125 13
                                    

ကလင် ကလင်​ ကလင်!!!

ရေငတ်နေသူတစ်ဦးရေတွင်းထဲပြုတ်ကျသွားသည့်နှယ် အငမ်းမရနမ်းရှိုက်နေကြသည့်ကောင်လေးနှစ်ယောက်သည် အဆတ်မပြတ်အော်မြည်နေတဲ့ဖုန်းသံကို လျစ်လျူရှုထားပံုမှာရှိသည်။ အနမ်းတို့ဟာ အဆတ်မပြတ်ခဲ့ပေ။ သို့သော်...

တင်းတောင် တင်းတောင်​ တင်းတောင်!

အခန်းရေှ ့ကဘဲလ်သံကြောင့်​ Tae Hyung​တစ်ယောက်​ အသိစိတ်ပြန်ကပ်လာရတယ်။ Hyung​ကတော့​ ကျွန်တော့်နှုတ်ခမ်းတစ်စံုကလွဲလို့ အခြားအရာတေွအကုန်လျစ်လျူရှုကာ အဆက်မပြတ်နမ်းရှိုက်နေဆဲပင်။ တစ်ချက်တစ်ချက်နှုတ်ခမ်းကိုဖိကိုက်တာကြောင့် လူကတွန့်တွန့်သွားရ၏။

တင်းတောင်​ တင်းတောင်​ တင်းတောင်!

အဆတ်မပြတ်ထွက်ပေါ်လာနေတဲ့ ဘဲလ်သံကြောင့် ဆက်ပြီးလျစ်လျူရှုထားလို့မဖြစ်တော့ပေ။ ကျွန်တော့်ခန္ဓာကိုယ်ပေါ် အုပ်မိုးကာ​ အသိစိတ်ပေျာက်နေသည့်​ လူတစ်ယောက်လို​ နက်နက်ရှိုင်းရှိုင်းအနမ်းများကို ဖော်ကျူးနေတဲ့Hyungရဲ့ လေးလံလှသောခန္ဓာကိုယ်ကြီးအား ဘယ်လိုမှမတွန်းလှန်နိုင်ပါ။ သို့ကြောင့်​ ကေျာပြင်ကိုတဘုန်းဘုန်းထုပြီး ခေါင်းကိုဘယ်ညာယိမ်းကာ​ အနမ်းတို့ကိုရေှာင်ဖယ်မိတယ်။ ထိုအခါမှ​ ရီဝေဝေမျက်ဝန်းတေွနဲ့ပြန်ကြည့်လာကာ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကနေ ဘေးဘက်ကိုလှိမ့်ဆင်းသွားတယ်။

"Hyung... တောင်းပန်"

"မဟုတ်ဘူး​ မဟုတ်ဘူး။ အပြင်မှာ​ လူရှိနေလို့"

ကျွန်တော်​ လက်တစ်ခါခါနဲ့ အတင်းအသည်းအသန်ငြင်းမိတယ်။ Hyungဆီကတောင်းပန်စကားကို ကျွန်တော်မလိုချင်ပါ။ နှစ်ဦးသားအလိုတူလို့ ရှည်ကြာတဲ့အနမ်းတစ်ခုအဖြစ် ပံုေပါ်ခဲ့ပြီပဲမဟုတ်လား။ Hyungရဲ့အတေွးတေွကို ကျွန်တော်သိပါတယ်။ Hyungရဲ့အနမ်းတေွကို မလိုချင်လို့ ရေှာင်ဖယ်မိခဲ့တာမှမဟုတ်ပဲ။ မတတ်သာတဲ့အခြေအနေမို့ ရေှာင်ဖယ်ခဲ့ရခြင်းပဲလေ။ သို့ကြောင့်​ တောင်းပန်စကားဆိုတာ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

"ခဏလေး"

ကျွန်တော့်ခြေလှမ်းတေွကို တံခါးဝဆီဦးတည်လိုက်တယ်။ အခန်းရေှ​ ့တွင်​ ဟိုဘက်လေျှာက်လိုက်၊ ဒီဘက်လျေှာက်လိုက် လုပ်နေတဲ့ဂျာကြီးကြောင့်...

Second Person (Season_1)​(Completed)​حيث تعيش القصص. اكتشف الآن