Part_12 (Unicode)​

1.5K 152 10
                                    

At Star Hotel...

"Tae Hyung...မြေကွက်ကNoonaရဲ့ အသိတစ်ယောက်ကိုရှာခိုင်းထားတယ်။ သူကဒီတစ်ရက်နှစ်ရက်အတွင်း ပြန်ဆက်သွယ်ပေးမယ်လို့ပြောတယ်။"​

"ဟုတ်​ ရပါတယ်Noonaရဲ့...မြေကွက်ရှာတေွ ့့​ရင်​Design teamနဲ့အရင် ဆေွးနွေးရမယ်နဲ့တူတယ်။"​

ကျွန်တော်တို့ရံုးချုပ်မှာက အဆင့်မြင့်အင်ဂျင်နီယာတေွနဲ့အဆောက်အဦးပံုကြမ်းရေးဆွဲတဲ့ Design teamဆိုပြီးရှိတယ်။ Hotelဆောက်ချင်သူတေွက ကျွန်တော်တို့ရံုးချုပ်က လူတေွကိုပဲငှားရမ်းကာ လိုချင်သလိုပံုစံမျိုးဆောက်လုပ်ကြတယ်။ ဒါကြောင့်လည်း Star​ ဆိုတာKoreanမှာ နာမည်သိပ်ကြီးတာပေါ့။

"Design teamက Busanကိုရောက်နေတယ်...အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး"​

"ဘယ်တော့လောက်ပြန်ရောက်မလဲ ဒီကို"​

"တစ်ပတ်လောက်တော့ကြာဦးမယ်နဲ့တူတယ်...သူတို့ကိုNoona ဆက်သွယ်ကြည့်လိုက်ဦးမယ်။ အချိန်အတိအကျသိရအောင်လို့"​

"ဟုတ်"​

Noonaရံုးခန်းထဲကထွက်သွားတာနဲ့ ကျွန်တော်လည်းfileအချို့ကို လက်မှတ်ထိုးရတယ်။ ထိုစဥ် အတေွးထဲတစ်ကြော့ပြန်စိုးမိုးလာတဲ့ ကျွန်းစားပွဲကြီး...။

"Noonaကိုမေးဖို့ဆိုပြီး မေ့သွားပြန်ပြီ။"​

ကျွန်တော်အရဲစွန့်ပြီး​ ထိုစားပွဲကြီးနားထပ်သွားမိတယ်။ မနေ့ကလိုဖြစ်မှာကြောက်ပေမယ့် စိတ်တိို့ကဘာတေွထပ်ဖြစ်လာဦးမှာလဲဆိုတာကို သိပ်သိချင်နေမိတယ်။ ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ် လွန်ဆွဲနေသလိုပေါ့။

"ဟူး..."

သက်ပြင်းရှည်ကြီးတစ်ချက်ကို စိတ်မောစွာချလိုက်တယ်။ ကုလားထိုင်ကိုနောက်သို့ဆွဲကာ ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ပြီးနောက်​ စားပွဲခံုပေါ်လက်နှစ်ဖက်ကိုစုတင်ပြီး မျက်လံုးများကိုမှိတ်ထားလိုက်တယ်။

ထူးဆန်းတယ်။

မနေ့ကလိုမျိုးနာကျင်ကိုက်ခဲမှုတေွ ဖြစ်မလာဘူး။ သို့ကြောင့်​ ကျွန်တော့်မျက်လံုးများကိုပြန်ဖွင့်ဖို့ ကြံလိုက်တယ်။ ထိုစဥ် ရုတ်တရက်မြင်ကွင်းထဲဝင်လာတဲ့ ပံုရိပ်တစ်ချို့ကြောင့်​ မျက်လံုးများကိုစံုမှိတ်ထားလိုက်မိတယ်။ မြင်ကွင်းထဲကပံုရိပ်အချို့ကို​ ပေျာက်ကွယ်သွားမှာစိုးသည့်အလား။

Second Person (Season_1)​(Completed)​Onde histórias criam vida. Descubra agora