[NEW] EPISODE_42

1.2K 99 3
                                    

Unicode🌻

"ကျွန်တော်ရောက်ပြီ Moo..."

အနီရောင်နှင်းဆီပန်းပွင့်များစွာအား လှပစွာစည်းနှောင်ထားသော ပန်းစည်းကလေးကို အုတ်ဂူမိုးပြာရောင်လေးထက်တင်လို့ ဆိုလိုက်သည်။ နှင်းဆီနီနီတေွကို သိပ်ကြိုက်တတ်တဲ့မိန်းကလေးဟာ ဒီအချိန်ဆို ဘယ်နေရာမှာများ ရှိနေလိမ့်မလဲလေ။ အနီရောင်သိပ်ကြိုက်တတ်တဲ့ မိန်းကလေး​ဟာ​ ကျွန်တော့်နားမှာမရှိခဲ့တာကြာခဲ့ပြီပင်။

"အဆင်ပြေနေရဲ့လား Moo... Rae In hyungကတော့ အဆင်မပြေဘူး။ တစ်နေ့တခြား အခြေအနေပိုပိုဆိုးလာတယ်။"

Mooနဲ့Rae In Hyungအကြောင်း တေွးမိတိုင်း မျက်ရည်အမြဲကျရသည်။ တစ်ချို့ချစ်ခြင်းတေွက​ သိပ်ကို ဆန်းကြယ်၏။ သိပ်ကို​ နာကျင်ရ၏။

"မငိုပါနဲ့ အငယ်ရယ်..."

ရင်ခွင်ထဲထည့်ကာ ခေျွးသိပ်နှစ်သိမ့်ပေးသူမှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော... နှစ်ယောက်မရှိသော ကိုကြီးပင်။ Mooတို့မရှိတော့ကတည်းက ကိုကြီးသည်Americaနဲ့ဒီကို တစ်ပတ်တစ်ခါအသွားအပြန်လုပ်သည်။ ကျွန်တော့်ကိုစိတ်မချဘူးဟူသော အကြောင်းပြချက်နဲ့ပေါ့။

"​Yoon Sora... ဒီမိန်းမကို သားဘယ်တော့မှခွင့်လွှင့်နိုင်မှာ မဟုတ်ဘူးကိုကြီး... လူတိုင်းရဲ့ဘဝကို ဖျက်တဲ့ မိန်းမ... သိပ်ကိုရွံရှာမုန်းတီးဖို့ကောင်းတဲ့ မိန်းမ... အဲ့မိန်းမက"

"အင်းအင်း... အခုလောလောဆယ်တော့ စိတ်ကိုလေျှာ့နော်။ တော်ကြာ Mooကစိတ်မကောင်းဖြစ်နေဦးမယ်။"

Yoon Sora...

လူလေးယောက်ရဲ့ဘဝကို သေစေခဲ့တဲ့သူမ.... သူမတစ်ယောက်ပေျာ်ရွှင်ဖို့အတွက် လူလေးယောက်ရဲ့ဘဝတေွ သေဆံုးပေးခဲ့ရသည်။ သူမကတော့ ပေျာ်လို့ရွှင်လို့ပေါ့။ လူတစ်ယောက်ရဲ့ နှလံုးသားကိုရင်ဘတ်ထဲထည့်ပြီးတော့လေ။

.......................
.......................
.......................

လွန်ခဲ့သော(၁)လကေျာ်ခန့်က...

ပိန်းပိတ်အောင်မည်းမေှာင်နေသော​ နေရာတစ်ခု။

တစ်စံုတစ်ယောင်ရဲ့စကားသံတေွကို နားထဲခပ်တိုးတိုးကြားနေရသည်။ မျက်လံုးတို့ကိုဖွင့်ကြည့်ချင်သော်ငြား ပိတ်ကျနေသောမျက်ခွံတို့မှာ ဂဲဆွဲခံထားခံထားရသလို လေးလံနေ၏။

Second Person (Season_1)​(Completed)​Where stories live. Discover now