Part_11 (Unicode)​

1.4K 142 7
                                    

"ထူးဆန်းတယ်...ငါ့အခန်းထဲဘယ်သူဝင်ထားသေးတာလဲ?"

မေမေ့ကိုမေးရန်အတွက် ကျွန်တော်အခန်းထဲမှထွက်ဖို့ပြင်လိုက်တဲ့အချိန် ခန္ဓာကိုယ်မှာတဘက်တစ်ထည်သာ ရှိသည်ကို သတိထားမိလိုက်တယ်။ သို့ကြောင့် ကျွန်တော်ရေအရင်ချိုးဖို့သာ ဆံုးဖြတ်လိုက်ရတယ်။

"ဘာလို့ခနခန​ပေျာက်ပေျာက်နေရတာလဲ?"​

ရေပန်းမှကျဆင်းနေသည့်ရေများကို လက်ခုပ်နဲ့ခံရင်း အတေွးတေွကနက်နဲနေတယ်။ အဖွားပေးခဲ့တဲ့ထိုစာအုပ်လေးမှာ တစ်ခါတလေဒီလိုပဲပေျာက်ပေျာက်နေတတ်တယ်။ မရှာတဲ့အချိန်ကျမှ ပြန်ပြန်ပေါ်လာတတ်တယ် အဲ့စာအုပ်လေးက။ ဒါဟာ​ တကယ်ကို ထူးဆန်းလွန်းတယ်လို့​ ကျွန်တော်ထင်တယ်။ စာအုပ်ထဲကအကြောင်းအရာတေွကိုတော့ ကျွန်တော်မဖတ်ကြည့်ဖူးဘူး။ ဒါပေမယ့်​ ကျွန်တော်အဲဒီ့စာအုပ်လေးကိုရှာရတဲ့ အကြောင်းအရင်းကသပ်သပ်ရှိတယ်။ အဲဒီ့စာအုပ်လေးထဲမှာ လွန်ခဲ့တဲ့15နှစ်က​ ကျွန်တော့်ခံစားချက်တေွကို ဖွင့်ချရေးသားခဲ့တဲ့​ စာရွက်ကလေးတစ်ရွက်ရှိတယ်။ ကျွန်တော်ထိုစာရွက်ကလေးကို သတိရလို့ရှာနေမိခြင်းပါ။

"သား​ ရေချိုးနေတာမပြီးသေးဘူးလား?"​

ရေချိုးခန်းတံခါးကိုခေါက်ကာပြောလာတဲ့ မေမေကြောင့် ကျွန်တော်အတေွးတေွထဲကရုန်းထွက်လိုက်တယ်။

"ဟုတ်​ ပြီးပြီ​မေမေ"

"နွေးနွေးထေွးထေွးဝတ်ပြီး​ ဆင်းခဲ့နော်သား မေမေအောက်ကစောင့်နေမယ်။"​

"ဟုတ်​ မေမေ"​

မေမေ့အသံကိုဆက်မကြားရတော့တာကြောင့် ရေကိုအမြန်ဆံုးနည်းနဲ့ ပန်းကန်လံုးစီးကာချိုးရတယ်။ အစကတော့အတေွးထဲနစ်နေလို့ အေးလို့အေးမှန်းမသိ၊ အခုမှ အေးမှန်းသိတယ်။

"အာအာ ချမ်းလိုက်တာ ဟင်းဟင်းဟင်းဟင်း"

တစ်ကိုယ်လံုးတစ်ဆတ်ဆတ်တုန်ကာ အပေါ်မေးအောက်မေးပါရိုက်နေပြီပင်။ Hoodieထူထူကြီးဝတ်ပြီး အောက်ကဘောင်းဘီထူထူနှစ်ထပ်လောက်ဝတ်ကာ စောင်ကြီးခြုံပြီးအောက်ထပ်သို့ ဆင်းသွားလိုက်တယ်။

Second Person (Season_1)​(Completed)​Where stories live. Discover now