Part _2 (Unicode)

3.2K 230 2
                                    

ကလင်ကလင်ကလင်...

Sae မီးဖိုချောင်ထဲတွင်ထမင်းဟင်းချက်နေတုန်း ဖုန်း
မြည်သံကြားတာကြောင့် ဟင်းအိုးခနပိတ်ခဲ့ကာအိမ်ရှေ့ဧည့်ခန်းသို့ထွက်လာခဲ့လိုက်တယ်။

"ဟယ်လို"

"ဟယ်လို Saeလား။"

"ဟုတ်ပါတယ်ရှင့်..."

"အစ်ကိုMyung sooပါ။"

"အော် အစ်ကို ဘာဖြစ်လို့လဲဟင်။ကိုကြီးကိုခေါ်ပေးရမလား? ။"

"မခေါ်နဲ့Saeရေ... အိမ်ကသားကသူ့Hyungနဲ့ဖုန်းပြောချင်တယ်ဆိုလို့...အဲ့တာ..."

ကျွန်တော့်စကားတောင်မဆံုးသေးဘူး​ သားဖြစ်သူကဖုန်းကိုအတင်းဆွဲလုလာတယ်။

"Hyung... Papa Hyungလား။ပေး..."

"အို ခဏလေးပါသားရယ် ဒီမှာအန်တီ့ကိုခေါ်ခိုင်းနေတယ်‌ေလ။wait a minute my son...wait a minute..."

လက်ပိုက်ပြီးနှုတ်ခမ်းကိုထော်ကာ ဟိုဘက်လှည့်သွားတဲ့ သားဖြစ်သူကြောင့်​ကျွန်တော်​ ကြိတ်ရယ်မိလိုက်တယ်။ ပေါ်တင်တော့ မရယ်ရဲပါဘူး။ စိတ်ဆိုးသွားရင် ခေျာ့ရခက်တယ်သားလေးက။

"Jung Kookie သားရေ...အောက်ခဏဆင်းလာပါဦး။Taeလေးဆီကဖုန်းလာနေတယ်။"

"ဟုတ် မေမေ"

ရေမိုးချိုးအဝတ်အစားလဲပြီး​ ထိုင်မလို့ပြင်ရုံရှိသေး မေမေ့ရဲ့Tae‌ေလးဆီကဖုန်းလာတယ်ဆိုတဲ့စကားကြောင့် အောက်သို့အပြေးဆင်းလာခဲ့မိတယ်။ ဆင်းလာရင်းနဲ့ပဲစိတ်ထဲမှာ​ ဘာပြောရမလဲဆိုတာကိုပါ တစ်ဆက်တည်းစဉ်းစားနေမိတယ်။

ဖုန်းကို‌ေမမေ့လက်ထဲကလွှဲယူလိုက်တာနဲ့ မေမေကကျွန်တော့်ကို  အမှာစကားဆိုလာတယ်။

"သားTaeလေးကို​ စကားကောင်းကောင်းပြောနော်။မေမေဟင်းအိုးတန်းလန်းနဲ့မို့ မီးဖိုခေျာင်ထဲသွားလိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါမေမေရယ်... စိတ်ချပါ။"

မေမေ့ကိုလှည့်ပြောပြီးတာနဲ့ ချောင်းတစ်ချက်ဟန့်လိုက်ကာ​ ကျွန်တော့်ဘက်ကစပြီးစကားပြောလိုက်တယ်။

"အဟမ်း...Taeလေးနိုးပြီလား။"

"Yes,miss u Hyung ..."

"Taeလေးက Hyungကိုလွမ်းနေတာ‌လား။"

Second Person (Season_1)​(Completed)​Where stories live. Discover now