[NEW] EPISODE_41

930 107 6
                                    

Unicode🌻

မဖြစ်နိုင်တာတေွကို​ ဖမ်းဆုပ်ရင်း
ဖြစ်နိုင်တာတေွ​ ပေျာက်ရှကုန်ရတယ်။

_Kim Tae Hyung_

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"ချစ်တယ်"​

ချစ်ရသူ၏လက်ကလေးအား တယုတယကိုင်လို့ရေရွတ်နေမိခြင်းမှာ​ ဘယ်နှစ်ကြိမ်ဘယ်နှခါမှန်းတောင် မသိတော့ပေ။ ကလေးငယ်သတိမေ့နေသည်မှာ တစ်ပတ်ကေျာ်ခဲ့ပြီဖြစ်သည်။ လည်ပင်းကဒဏ်ရာသည် သိပ်မနက်သော်လည်း ငါးချက်တော့ချုပ်လိုက်ရသည်။ ဆရာဝန်ကစိုးရမ်စရာမရှိဘူးဟု ပြောသော်လည်း ဒီနေ့ထိသတိမရသေးတာကြောင့် ဘယ်လိုမှ​မစိုးရိမ်ပဲ မနေနိုင်ပါ။

"ဘယ်အချိန်ထိ​ ဒီတိုင်းထိုင်နေမှာလဲ။ ထမင်းလေးဘာလေး ထစားဦးလေ။"​

နောက်ကေျာဘက်မှထွက်လာသော ခပ်မာမာအသံသည်​ ဘယ်သူ့အသံလဲဆိုတာ နှစ်ခါခန့်မှန်းစရာမလိုပါ။ Han Rae Inဟုခေါ်သော ထိုလူသည် ကလေးငယ်အခုလိုဖြစ်ရခြင်းအား ကျွန်တော့်အပြစ်ဟု ခံယူထားသူဖြစ်သည်။ ထိုလူ့အတေွး မှားလားဆိုတော့မမှားပေ။ တကယ်ပဲ ကလေးငယ်အခုလိုဖြစ်ရခြင်းဟာ​ ကျွန်တော်​့​ရဲ့မိုက်မဲသည့်လုပ်ရပ်ကြောင့်ပင်။

"မစားချင်ဘူး။"​

"ငါ့ကို​စိတ်တိုအောင်မလုပ်နဲ့နော် Jeon Jung Kook! မင်းကြောင့်သူ..."​

"သိတယ်။ သိတယ်လို့!!! အဲ့ဒါကြောင့် ကေျးဇူးပြုပြီး ခဏခဏမပြောပါနဲ့လား။ ကေျးဇူးပြုပြီး"​

အံကြိတ်ကာ လေသံခပ်မာမာဖြင့်ပြောလိုက်သည်။ ထိုလူသည်​ ကျွန်တော့်အား မင်းကြောင့်ဆိုသည့်စကားကို နေ့တိုင်းပြောသည်။ ထိုလူအဲ့လိုပြောတိုင်းလည်း ကျွန်တော်မငြင်းခဲ့ပါ။ ငြိမ်ငြိမ်လေးသာ အပြောခံခဲ့သည်။ သို့သော် ဒီနေ့တော့ ဘယ်လိုမှမနေနိုင်တော့။ ကျွန်တော့်ရင်ထဲဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်တော်ကလွဲပြီး ဘယ်သူမှမသိနိုင်ပါ။ 'မင်းကြောင့်'ဆိုတဲ့စကားတစ်ခွန်းဟာ အပြောခံရသူအပေါ် မည်မျှခံစားရစေမှန်း ထိုလူသိမှာမဟုတ်ပေ။

"တစ်ချိန်လံုးရေငံုနှုတ်ပိတ်နေနေပြီး အခုမှဘာထဖြစ်တာလဲ။"​

Second Person (Season_1)​(Completed)​Where stories live. Discover now