Part_24 (Unicode)​

986 106 18
                                    

စာရင်းစာအုပ်ပံုကြား ခေါင်းနှစ်ထားရသည်မှာ အချိန်မည်မျှကြာသွားပြီမသိပေ။ ဆံုလည်ကုလားထိုင်အား ကေျာမှီကာ မျက်လံုးတို့ကိုခဏအနားပေးရင်း...

"ဘယ်အချိန်ရှိပြီလဲ Noona"​

"5နာရီထိုးပြီ Tae Hyung... ခဏနားပြီးမှ ဆက်လုပ်ပါလား"​

"ရပါတယ်​ Noonaရဲ့... ဒါနဲ့​ ကျွန်တော့်ကို သံပုရာရည်တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင်... ခေါင်းတေွနောက်လာလို့"​

"ဒါဆို​ ခဏစောင့်... သွားဖျော်လိုက်မယ်။"​

"ဟုတ်"​

ကျွန်တော်​စစ်သည်​့​ တစ်လစာစာရင်းချုပ်Fileတိုင်းမှာ သုညတစ်လံုးစီပေျာက်နေ၏။ 7လစာထိ စစ်ပြီးပြီပင်။ မနက်ကဌာနချုပ်မှူးပြောသည့်ပံုစံအတိုင်းဆို ဒီကိစ္စဟာ ရိုးရိုးသားသား တစ်ခါတလေမှားယွင်းမှုပံုစံမျိုး မဖြစ်နိုင်။ အသေအချာကို စနစ်တကျ​ မှားယွင်းစေမှုပဲဖြစ်ပါလိမ့်မည်။

"ရပြီ​ Tae Hyung... နည်းနည်းချဥ်ချဥ်လေး ဖျော်လာပေးတယ်။ ခေါင်းကြည်သွားအောင်လို့"

"ဟုတ်​ ကျေးဇူး​Noona"

မျက်ဝန်းတေွသည်ခံစားချက်မဲ့သူလို အေးစက်နေသည်။ အပြုံးတေွဟာလည်း မပီမပြင်။ ခပ်နွမ်းနွမ်းမျက်နှာအနေအထားကြောင့် Noonaအား အလုပ်ဆင်းခိုင်းဖို့ကိုသာ ဆံုးဖြတ်လိုက်သည်။

"အလုပ်ဆင်းလို့ရပြီ Noona... ကျွန်တော်​ ဒါတေွပြီးအောင်လုပ်လိုက်မယ်။"​

"ရပါတယ်။ ကူလုပ်ပေးပါ့မယ်။"​

"အေးဆေးပြန်နားလိုက်ပါ Noonaရဲ့... မျက်တွင်းတေွကျနေသလိုပဲ အိပ်ရေးဝအောင်အိပ်ဦး။"​

ဖြူစင်စွာသွားတန်းဖေွးဖေွးလေးတေွပေါ်သည်အထိ ပြုံးပြလာသော Tae Hyung​အား​ ခပ်ရဲ့ရဲ့သာပြန်ပြုံးပြမိသည်။ ရင်ထဲကတင်းကျပ်မှုသည် တစ်စံုတယောက်ကိုရင်ဖွင့်လိုက်ရင် ပြေလျော့သွားလေမလားဆိုသည့်အတေွးကြောင့် ပြန်ရန်သာတေွးလိုက်၏။

"​ဒါဆို​ ပြန်နှင့်လိုက်မယ်နော်။"

"​ဟုတ်​ Noona"​

ယိုင်နဲ့နဲ့ခြေလှမ်းများကို ထိန်းလျောက်ရင်း ပြိုင်ဘက်ရေှ ့ကျရှုံးမသွားအောင်၊ ပြိုလဲမကျသွားအောင် အားတင်းမိသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now