Part 7(unicode)

42.8K 2.7K 39
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️7

ဒီနေ့ ဦးစက်အလုပ်နားရက်ဖြစ်သလို
ဦးစက်နဲ့မမရဲ့4နှစ်ပြည့်မင်္ဂလာရက်လဲဖြစ်သည်။

ဟန်လေးကတော့ ဘာမှကူလုပ်စရာမရှိတာကြောင် ကလေးနှစ်ယောက်နဲ့သာ အခန်းထဲဆော့နေလိုက်သည်။

အပြင်မှာဆော့ရင် လူကြီးတွေ ဘာမှစီစဉ်လို့ရမှာမဟုတ်ဘူးလေ။

"အား မောလိုက်တာကွာ
ကိုကို့ကလေးတွေ အရမ်းအပြေးသန်လာကြတာပဲ "

အခန်းထဲမှာတင်ပြေးတမ်းလိုက်တမ်းကစားနေကြခြင်း။
ကလေးတွေကို ဟန်ဆောင်ပြေးပြနေသည်ဆိုသော်လည်း ကြာတော့ ဟန်လေးတကယ်မောနေပြီဖြစ်သည်။
ခုတင်ဘေးကြမ်းပြင်တွင်ပက်လက်လှဲချကာ အမောဖြေတော့ ရာဇာလေးက ဗိုက်ပေါ်ကိုခွတက်လာသည်။
အာကာလေးကတော့ ဘေးချထားသည့်လက်ပေါ်ခေါင်းလေးအုံးကာ အိပ်လာသည်။
လွတ်နေသည့်တစ်ဖက်က ရာဇာလေးကျောပေါ်လှမ်းတင်ကာ ပြန်ဖက်ထားလိုက်သည်။

"ဘာဖြစ်နေကြတာလဲ"

"အယ် ဦးစက် ဟီး ကလေးတွေနဲ့ဆော့ရင်း
မောလို့ ခဏနားတာ"

ဟန်လေးထဖို့အဆင်မပြေတာကြောင့် လှဲနေရင်းပဲဖြေလိုက်သည်။

"သားငယ်ကအိပ်နေတာလား"

"အိပ်ဘူးဦးစက် ဒီတိုင်းဇိမ်ခံနေတာ"

"ခုတင်ပေါ်တက်အိပ်ကြလေ အောက်ကအေးတယ် လူကနေကောင်းတာမကြာသေးဘဲနဲ့"

"ဟုတ် ခဏမို့ဘာမှမဖြစ်ပါဘူး"

ဦးစက်က ဘာမှမပြောတော့ဘဲ အဝတ်ဘီဒိုဖွင့်ကာ အကျီ ၤလဲနေသည်။
ဘီဒိုတံခါးကွယ်နေသည်မှန်သော်လည်း
ဘောင်းဘီလဲနေသည့် ဦးစက်၏ခြေထောက်တွေကို ဟန်လေးမြင်နေရသေးသည်။

ဒါဘယ်လိုအနေအထားကြီးပါလိမ့်။
ဦးစက်မရှက်ဘူးတဲ့လား။
အယ် ယောကျာ်းချင်းပဲဘာရှက်စရာရှိတာမှတ်လို့။
ထိုသို့တွေးမိသော်လည်း ဟန်လေးမျက်နှာတစ်ခုလုံး ပူထူနေတာတော့အမှန်ပင်။

မတော်လို့ ဒီအချိန်မမသာဝင်လာရင် ဦးစက်တော့ အရှက်ကွဲအုံးတော့မှာ။
ဒါလဲမဖြစ်နိုင်ပါဘူး။
ဦးစက်နဲ့မမက လင်မယားတွေပဲကို။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)On viuen les histories. Descobreix ara