Part 19(unicode)

30.3K 1.5K 14
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️19

ပါတီကပြန်လာပြီး ကလေးတွေအိပ်သည်အထိစောင့်နေပြီးမှ အခန်းထဲဝင်လာခဲ့သည်။

ခုတင်ပေါ်ထိုင်နေသည့်ဦးစက်က ဟန်လေးလာမှ အကျီ ၤထလဲသည်။
အကျီ ၤကြယ်သီးတွေဖြုတ်နေသည့် ဦးစက်အနားကိုဟန်လေးသွားရပ်တော့ တစ်ချက်စောင်းကြည့်ပြီး ပြန်လှည့်သွားသည်။

ဘီဒိုထဲက ညဝတ်တစ်စုံထုတ်ကာ ရေချိူ းခန်းစီသွားဖို့ပြင်သည့် ဦးစက်ကို လက်ဆွဲထားလိုက်သည်။

"ဘာပြောမလို့လဲ"

ပါတီတုန်းကနှင့်မတူတော့ဘဲ ဦးစက်အသံဟာအေးစက်စက်။
ညတိုင်းဒီလိုအေးစက်တဲ့အနေအထားကို ဟန်လေးကြုံတာနည်းနည်းတော့ကြာပြီဖြစ်သည်။

"ဦးစက် ဟန်လေးကိုစိတ်ကုန်နေပြီလားဟင်"

ပြောရင်းဝမ်းနည်းလာတာမို့ ငိုသံကပါသွားသည်။

"ဘာလို့အဲ့လိုမေးတာလဲ ဟန်လေး"

"ဟုတ်တယ်မို့လား ဦးစက် ဟန်လေးကို
ငြီးငွေ့နေပြီမဟုတ်လား ဦးစက်လိုချင်တဲ့အချိန်တိုင်းပေးနေတဲ့ဟန်လေးကို စိတ်ကုန်နေပြီ"

"ဘယ်သူကအဲ့လိုပြောလဲ
ကိုယ်ပြောမိတာဟန်လေး
ကိုယ်မင်းကိုစိတ်ကုန်နေပြီဆိုပြီး ဘယ်နှခါပြောဖူးလို့လဲ"

"ဟင့်......ဦးစက် အရင်လိုမှမဟုတ်တော့တာ"

"ဘာကိုအရင်လိုမဟုတ်တာလဲပြောပါအုံး"

ညဝတ်တွေကို ခုတင်ပေါ်ပစ်တင်ကာ
ဟန်လေးပုခုံးကိုကိုင်ကုမေးလာသည်။

"ဟင့်...ဟန်လေးကို အရင်လိုလဲအနိုင်မကျင့်တော့ဘူးလေ ပြီးတော့ ..အတူနေဖို့လဲမပြောတော့ဘူး အီး....."

တအီးအီးငိုချလိုက်သည့်ကောင်လေးကြောင့်
စက်ပြာယာခတ်သွားရသည်။
အဲ့ကိစ္စအတွက် ကောင်လေးစိတ်ထဲ အစိုင်အခဲတစ်ခုဖြစ်နေပုံရသည်။
သူ့ကိုစိတ်ပျက်သွားတယ်အထင်နှင့် ငိုနေသောကောင်လေးအား ဘယ်လိုရှင်းပြရမလဲမသိတော့။

"ကိုယ်အဲ့လိုမပြောတာ စိတ်ပျက်လို့မဟုတ်ဘူးလေဘာလို့စိတ်ပျက်ရမှာလဲ"

"ဟန်လေးကယောကျာ်းလေးမို့ ဦးစက်ကိုစိတ်ကျေနပ်မှုမပေးနိုင်ဘူးမို့လား အဲ့ဒါမို့ပေါ့
မိန်းကလေးတွေလို အမို့အမောက်တွေမရှိဘူး
လုံးတစ်နေတဲ့ တင်ပါးတွေမရှိဘူးလေ
အဲ့ဒါမို့ပေ့ါ ဟင့် ဟီး......"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now