Part 13(Zawgyi)

19.2K 1.7K 64
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️

(3)နှစ်ကြာပြီးနောက်………

"ဘယ်သူလဲ"

စက်ကုမ္မဏီကအပြန်တွင် သားတွေကိုကျောင်းမှဝင်ကြိုလာခဲ့သည်။
လမ်းမှာမုန့်ဝင်စားကြပြီး အိမ်ပြန်လာတော့ ခြံရှေ့တွင်ရပ်ကာ အိမ်ထဲကိုကြည့်နေသည့် ကျောပြင်တစ်ခုကြောင့် ကားပေါ်မှဆင်းကာမေးလိုက်သည်။

ကားဟွန်းသံပင်မကြားအောင် ထိုသူဘာတွေအာရုံရနေမှန်းမသိ။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

"ဦး…ဦးစက်"

"မင်း……"

ပြေပြီလို့ထင်ထားတဲ့ဒေါသတွေဟာ အသံပိုင်ရှင်ကိုမြင်လိုက်သည့်အချိန်မှာ နိုးထလာခဲ့ပြန်သည်။

"ထွက်သွား"

"ဦးစက် ဟန်လေးလေ…"

"မင်းကိုထွက်သွားလို့ပြောနေတာ
နားမကြားဘူးလား"

"ဟန်လေးတောင်းပန်ပါတယ် ရှင်းပြခွင့်ပေးပါ"

"မကြားချင်ဘူး မင်းစီကဘာစကားမှနားမထောင်ချင်လို့ ထွက်သွားပေး"

"ဟန်လေးရှင်းပြတာကို နားမထောင်ပေးရင်
ဟန်လေးလုံးဝမသွားဘူး ဦးစက်ကျေနပ်ပါစေဆိုပြီး ဟန်လေးမလုပ်ခဲ့တဲ့အပြစ်ကိုလဲ ခံယူခဲ့ပြီးပြီ အခုတော့ရှင်းပြပါရစေ"

"ဘာလဲ မင်းခံရတဲ့အပြစ်ကနည်းလို့လား
ဟမ်…မင်းအမေကိုငဲ့ပြီး အပြစ်လျော့အောင်
လျှောက်လဲချက်ပေးတဲ့မင်းဦးလေးကိုငါမတားခဲ့ကွ မင်းငါ့ဘဝကိုထပ်ပြီးဖျက်ဆီးဖို့မဟုတ်ဘူး"

"အဲ့လိုမဟုတ်ရပါဦးစက်ရယ်
ဟန်လေးရှင်းပြချင်ယုံပါ ဦးစက်နဲ့ကလေးတွေကို
ဖျက်ဆီးဖို့ ဟန်လေးစိတ်ကူးတောင်မရှိပါဘူး
တကယ်လို့ ဦးစက်မကျေနပ်သေးဘူးဆိုရင်
ဟန်လေးကို ကြိုက်တဲ့အပြစ်ပေးပါ ဟန်လေးကိုတော့ ဒီမှာနေခွင့်ပေးပါနော် ကလေးတွေကို
ဂရုစိုက်ဖို့ ဟန်လေးကိုအခွင့်အရေးပေးပါ
တောင်းပန်ပါတယ်"

"မင်းကဘာမို့ ဒီအခွင့်အရေးကိုတောင်းဆိုနေတာလဲ မင်းကဘာမို့လဲ ငါမိန်းမကိုသတ်ခဲ့တဲ့မင်းနဲ့ငါ့သားတွေကိုစိတ်ချထားရအောင် ငါကအရူးလား"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now