Part 10(unicode)

25.3K 1.5K 20
                                    

အမုန်းဖွ့ဲချစ်ခြင်း❣️10

"ဒယ် ......ယမ်း ယမ်း "ဆိုသည့်
ရာဇာလေးစကားကိုပြန်ကြာတိုင်း ဟန်လေးမျက်နှာကြီးပူလာရသည်။

ရာဇာလေးကြောင့် ဦးစက်လဲ ညနေစာပင် ကောင်းကောင်းမစားဘဲ အလုပ်ခန်းထဲအမြန်ဝင်သွားသည်။

အိပ်ယာထဲဟိုလှိမ့်ဒီလှိမ့်နှင့် ညကတဖြည်းဖြည်းနက်လာခဲ့ပြီး ထုံးစံအတိုင်းသာ မိုးလင်းသွားခဲ့သည်။

"ဟန်လေး ငါ့တူ ထတော့"

"ဟမ် ဟုတ် ဦးလေး
ဘယ်အချိန်ရှိပြီလဲဟင်"

"9နာရီထိုးပြီလေ
မင်းပင်ပန်းနေလို့အိပ်ပါစေဆိုပြီး ဦးလေးကမနှိုးလိုက်တာ"

"ဟာ...ဦးလေး ဟန်လေးကိုနှိုးပါတော့လားဗျာ
အခုတော့ အလုပ်တွေနောက်ကျကုန်ပြီ ဦးစက်နဲ့မမ တမျိုးမြင်တော့မှာပဲ"

"မမြင်ပါဘူးကွာ သူဋ္ဌေးတို့ကိုယ်တိုင်က မင်းကိုမနှိုးခိုင်းတာ သွားမျက်နှာသစ်တော့ ပြီးရင် အိမ်ထဲသွား ကူလုပ်ချေ"

"ဟုတ်"

ဟန်လေး အိပ်ယာတွေသိမ်းပြီး မျက်နှာသစ်လိုက်သည်။
ရေကတော့ ပိစိတွေနဲ့မှချိုးနေကြမို့ မချိုးတော့ဘဲ အိမ်ကြီးဘက်သာထွက်ခဲ့သည်။
ဦးစက်လဲ ဒီချိန်ဆို ကုမ္မဏီရောက်ရောပေါ့။
ရွာမှာနေတုန်းကအတိုင်း ရှေ့ကဆံပင်လေးတွေကို စုစည်းထားတာမို့ ပိစိနှစ်ယောက်မြင်ရင် အဆွဲခံရအုံးမှာသေချာသည်။

"ဟီး......မမ"

"အိပ်ပုတ်လေး လာပြီလား"

"ဟုတ် ဟန်လေးနောက်ကျသွားတယ်မမ
ညကအိပ်မပျော်လို့လေ"

"အင်းပါ မနက်စာအရင်စား အပေါ်မှာ
မင်းအချစ်တော်တွေက စောင့်နေလေရဲ့"

"ဟုတ် မမရောစားပြီးပြီလား"

"ပြီးပြီဟန်လေး ကလေးတွေနဲ့အတူစားလိုက်တာ"

ဟန်လေး မနက်စာအမြန်စားပြီး အပေါ်ထပ်တက်ခဲ့သည်။

"ဝူး......ဝါး......ဟား......ဟား......"

အခန်းတံခါးအသာဖွင့် အကျီ ၤကိုလှန်တင်ကာခေါင်းကိုစွပ်ထားလိုက်ပြီး ပါးစပ်ကလဲ သရဲလိုအော်ကာ အခန်းထဲဝင်လာခဲ့သည်။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now