Part 30(unicode)

22.1K 1K 15
                                    

အမုန်းဖွ့ဲချစ်ခြင်း❣️Part 30

ရွာကိုရောက်တာမကြာသေးသည့် ကျန်းမာရေးမှုး၏စကားကိုကြားကာ ဟန်လေးအမေဒေါ်ဋ္ဌေးမြင့်တစ်ယောက် အကြီးအကျယ် ရှော့ခ်ရသွားခဲ့သည်။

ကာယကံရှင်ဖြစ်တဲ့ဟန်လေးကတော့ သတိပြန်ရကတည်းက ငိုပဲငိုနေတော့သည်။
စက်ကတော့ ဝမ်းသာပေမဲ့ အပြည့်အဝမပျော်နိုင်သေး။
ကလေးကိုလဲ မေးစရာတွေများနေသေးသည်။

"ကလေး"

"ဦးစက် ဟင့်......"

ကလေးငယ်ဟာ ရှိုက်ငိုကာ စက်ရင်ခွင်ထဲတိုးဝင်လာခဲ့သည်။
ဒီခန္ဓာကိုယ်သေးသေးလေးထဲမှာ ကလေးလေးရှိနေသတဲ့လား။
မယုံနိုင်ဖြစ်ရလွန်းလို့ အမေ့ကိုတောင် ဘာမှမပြောဖြစ်သေး။

"ကလေးရယ် ဘယ်အချိန်က စီစဉ်ထားတာလဲ
ဘာလို့ကိုယ့်ကိုမပြောရတာလဲကွာ ဆိုးလိုက်တဲ့ကလေးရာ"

"ဟင့် အခု ဟန်လေးကိုဆူမလို့လား အဟင့်..."

"မဆူပါဘူးကလေးရယ် ကိုယ်ဝမ်းသာလို့ပါ
ကိုယ်အရမ်းပျော်လို့ ကလေးတစ်ယောက်ထဲပင်ပန်းနေမှာပဲ ကိုယ့်ကိုပြောပြသင့်တာကို"

"ဦးစက်ကို မွေးနေ့လက်ဆောင်ပေးချင်လို့ မသိအောင်လုပ်ပါတယ် ဟင့် ဘာလို့ပြောရမှာတုန်း"

"ကလေးရယ် ကိုယ့်ကိုအချစ်တိုးအောင် မင်းလေးပဲလုပ်နိုင်လွန်းပါတယ်"

"အင့်...ဟင့် အမေက ဟင့် အမေက ဟန်လေးကိုဆူတော့မယ်ထင်တယ် အမေ အဆင်ရောပြေရဲ့လားဟင်"

"အဆင်ပြေပါတယ် အိမ်ရှေ့မှာ ဦးလေးအောင်နဲ့ဒေါ်ကြီးတင် ရှိတယ် အမေက ဘာလို့ကလေးကိုဆူရမှာလဲ ကလေးဗိုက်ထဲက ပိစိလေးက
အမေ့သွေးသားပဲဟာ စိတ်ဆိုးလဲ ခဏပေါ့"

"ခဏမဟုတ်ဘူး ဟင့် အမေကစိတ်ဆိုးရင်
အင့်...ဟန်လေးကိုမခေါ်ဘူး"

"အခုခေါ်မှာပါ ကလေးသိလား အမေကကိုယ်တို့ကို ရာနှုန်းပြည့်မဟုတ်တောင် တစ်ဝက်လောက်တော့ သဘောတူပြီ "

"ဟုတ်လို့လား ဦးစက်ကဘယ်လိုသိတာလဲ"

"စောစောက အမေငိုနေတယ်
ဒီကလေးမိုက်လိုက်တာတဲ့လေ
အဲ့ဒီစကားက ဘယ်လိုပဲဖြစ်ဖြစ် ကလေးအချစ်ကို အမေအသိမှတ်ပြုတာပဲလေ"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now